စစ်ကောင်စီ ထုတ်ပြန်တဲ့ ကိုဗစ် ရောဂါသေဆုံးသူ အရေအတွက် ထပ်တိုး

ဇူလိုင်လ ၁၉ ရက် ရန်ကုန် ရေဝေးသုသာန်မှာ တန်းစီစောင့်နေတဲ့ နာရေးကားများ

မန္တလေးမြို့ရှိ ကိုဗစ်ကြောင့်သေဆုံးခဲ့သူတွေ နာရေးအတွက်ကူညီပေးနေတဲ့ပရဟိတအဖွဲ့များ

စစ်ကောင်စီက ထုတ်ပြန်တဲ့ ကိုဗစ်ရောဂါနဲ့ သေဆုံးသူအရေအတွက် ဟာ ဒီကနေ့ ဇူလိုင် ၂၅ ရက်‌နေ့မှာ ၃၅၅ ဦးလို့ ထုတ်ပြန်ခဲ့ပြီး မနေ့ကထက် တိုးလာတာကို တွေ့ရပါတယ်။

ဇူလိုင်လ ၂၅ ရက်နေ့အထိ မြန်မာတစ်နိုင်ငံလုံး ကိုဗစ်ရောဂါ ကူးစက်မှုကြောင့် သေဆုံးသူ စုစုပေါင်း ၇၁၁၁ ဦး အထိရှိလာပြီဖြစ်ပါတယ်။

နေ့အလိုက် စစ်ကောင်စီ ထုတ်ပြန်တဲ့ သေဆုံးသူအရေအတွက်မှာ ဇူလိုင်၂၄ ရက်ထုတ်ပြန်ချက်က ၂၉၇ ဦးရှိပြီး ဇူလိုင် ၂၅ ရက်‌နေ့မှာ ၃၅၅ ဦး အထိရောက်လာပြီး နေ့အလိုက် တိုးလာခဲ့တာလည်းဖြစ်ပါတယ်။

စစ်ကောင်စီက ထုတ်ပြန်တဲ့သေဆုံးသူ အရေအတွက်နဲ့ အပြင်မှာ သေဆုံးတဲ့ အရေအတွက်ဟာ ကွာခြားမှုတွေရှိနေပြီး ကျန်းမာရေးဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦးကတော့ စစ်ကောင်စီထုတ်ပြန်တဲ့ သေဆုံးသူအရေအတွက်ဟာ ဆေးရုံတွေမှာ သေဆုံးတဲ့ သူတွေအရေအတွက်ဖြစ်တယ်လို့ သူရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

ဇူလိုင် ၂၅ ရက်နေ့ စစ်ဆေးသူ ၁၂၄၇၄ ဦး အနက်ရောဂါပိုးတွေ့သူ၄၉၉၈ ဦး ဖြစ်ပြီး ပိုးတွေ့ရာနှုန်း ၄၀ ရာခိုင်နှူန်း အထိရှိလာကာမြန်မာနိုင်ငံမှာ ကိုဗစ် ပိုးတွေ့သူ စုစုပေါင်း ၂၆၉၅၂၅ ဦး ရှိပြီလို့ လည်း စစ်ကောင်စီက ထုတ်ပြန်သွားခဲ့ပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-57783160

စစ်ကောင်စီ ထုတ်ပြန်တဲ့ ကိုဗစ် ရောဂါသေဆုံးသူ အရေအတွက် ထပ်တိုး စစ်ကောင်စီ ထုတ်ပြန်တဲ့ ကိုဗစ် ရောဂါသေဆုံးသူ အရေအတွက် ထပ်တိုး Reviewed by THITHTOOLWIN on 05:19 Rating: 5

No comments:

Powered by Blogger.