သဲကုန်းမြို့နယ်ထဲမှာ ပေါက်ကွဲမှုဖြစ်၊ လူငယ် နှစ်ဦး‌သေဆုံး

ကိုရှိုင်းကိုကို သေဆုံးတဲ့ အပေါ် သာယာဝတီစိုက်ပျိုးသိပ္ပံကျောင်းသားများသမဂ္ဂမှအလေးနီပြုကြောင်း ထုတ်ပြန်

ပေါက်ကွဲမှုကြောင့် အနားက ကိုရှိုင်းကိုကို အကိုဖြစ်သူပါ ထိခိုက် သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြော

သာယာ၀တီ စိုက်ပျိုးရေး သိပ္ပံ ကျောင်းဆင်း တစ်ယောက် ဖြစ်တဲ့ ကိုရှိုင်းကိုကို နဲ့ အကိုဖြစ်သူတို့ ဇူလိုင်လ ၂၄ရက်နေ့ ည ၁၀နာရီ ခွဲမှာ ပေါက်ကွဲမှုကြောင့် သေဆုံးသွားတယ်လို့ စိုက်ပျိုးရေးသိပ္ပံ သာယာ၀တီ ကျောင်းသားများ သမဂ္ဂ ပြင်ပဆက်သွယ်ရေးတာဝန်ခံက ဘီဘီစီကို အတည်ပြုပါတယ်။

ကိုရှိုင်းကိုကို ဟာ ၂၀၁၉ ခုနှစ်တုန်းက စိုက်ပျိုးရေး သိပ္ပံ သာယာ၀တီ ကနေ ဘွဲ့ရခဲ့သူ တယောက် ဖြစ်တယ်လို့ သာယာ၀တီ ကျောင်းသားများ သမဂ္ဂ ပြင်ပဆက်သွယ်ရေးတာဝန်ခံက ဆိုပါတယ်။

မနေ့ည ဇူလိုင် ၂၄ ရက်နေ့ညကတော့ လက်လုပ်မိုင်းတစ်ခု စမ်းသပ်ရင်း ပေါက်ကွဲမှု ဖြစ်ခဲ့ပြီး အနီးက သူ့အကို ဖြစ်သူပါ ထိမှန် သေဆုံးသွားတယ်လို့ ဒေသခံတွေဆီကတစ်ဆင့် သိရကြောင်း ကျောင်းသားများ သမဂ္ဂ ပြင်ပဆက်သွယ်ရေးတာ၀န်ခံက ပြောပါတယ်။

သူတို့ သေဆုံးမှုနဲ့ ပတ်သက်လို့ ဒေသတွင်း လူမှုကူညီရေး အသင်းတစ်ခုကလည်း မနေ့ညက အလောင်း၂လောင်း သွားကောက်ခဲ့ရကြောင်း အတည်ပြု ပြောဆိုထားပါတယ်။

ဒါပေမဲ့ သူတို့ဟာ လက်လုပ်ဗုံး စမ်းရင်း သေဆုံးမှု ဟုတ်ရဲ့လား ဆိုတာကိုတော့ ဘီဘီစီ အနေနဲ့ သီးခြား အတည်ပြုချက် ရယူနေဲ ဖြစ်ပါတယ်။

လတ်တလော ပြည်နဲ့ လက်ပံတန်းက ကျောင်းသား သမဂ္ဂ အဖွဲ့၀င် ကျောင်းသားတွေ ပြီးခဲ့တဲ့ တစ်ပတ်အတွင်း အဖမ်းခံရတာ ၁၀ယောက် အထိ ရှိလာပြီ ဖြစ်ပါတယ်။

ကိုရှိုင်းကိုကိုဟာ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ဖြစ်ပွားခဲ့ပြီးနောက် လွန်ခဲ့တဲ့ လပိုင်းတွေအတွင်း စစ်သင်တန်း တက်ရောက်ပြီး ပြန်ရောက်လာသူ တစ်ယောက် ဖြစ်တယ်လို့လည်း သူနဲ့ အတူ ကျောင်းတက်ခဲ့သူတစ်ဦးက ပြောပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-57783160

သဲကုန်းမြို့နယ်ထဲမှာ ပေါက်ကွဲမှုဖြစ်၊ လူငယ် နှစ်ဦး‌သေဆုံး  သဲကုန်းမြို့နယ်ထဲမှာ ပေါက်ကွဲမှုဖြစ်၊ လူငယ် နှစ်ဦး‌သေဆုံး Reviewed by THITHTOOLWIN on 05:22 Rating: 5

No comments:

Powered by Blogger.