ဦးဝင်းထိန်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ ကနဲ့ စွဲချက်တင်ဖို့ အမိန့်ချ

 ဦးဝင်းထိန်ကို ပုဒ်မ ၁၂၄ ကနဲ့ စွဲချက်တင်ဖို့ အမိန့်ချ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ရဲ့ နာယက ဦးဝင်းထိန်ကို နိုင်ငံတော်အကြည်ညို ပျက်စေမှု ပုဒ်မ ၁၂၄ ကနဲ့ စွဲချက်တင်ဖို့ ဒီကနေ့ဇူလိုင် ၁၆ ရက် မှာ အမိန့်ချမှတ်လိုက်တယ်လို့ အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောပါတယ် ။

NLD ပါတီရဲ့ နာယကဦးဝင်းထိန်အနေနဲ့လူမူကွန်ယက်ပေါ်မှာ ပြောဆိုထားတဲ့ပြောဆိုချက်တွေဟာဥပဒေအရတည်ထောင်ထားတဲ့အစိုးရတရပ်ကို မလိုမုန်းထားအောင် အကြည်ညို ပျက်အောင်ပြောဆိုတာဖြစ်လို့အခုလိုစွဲချက်တင်ဖို့အမိန့်ချလိုက်တာဖြစ်ပြီး ဒီစွဲချက်နဲ့ ပတ်သက်လို့တော့ဦးဝင်းထိန်က အပြစ်မရှိကြောင်း ငြင်းဆိုခဲ့တယ်လို့သိရပါတယ်။

" ဘဘကို နိုင်ငံတော်အကြည်ညိုပျက်စေတဲ့ပုဒ်မ ၁၂၄-ကနဲ့တရားစွဲဆိုတယ် အပြစ်ရှိလားလို့မေးတဲ့အခါ ဘဘက ပြန်ပြောတယ် ။ နိုင်ငံတော်အာဏာကိုယူထားတဲ့ ပါတီတစ်ခုကနာယကအနေနဲ့ကိုယ့်နိုင်ငံရဲ့ရုတ်တရက်ပေါ်ပေါက်လာတဲ့ နိုင်ငံရေးအခြေနေအရ ပါတီဝင်တွေနဲ့မဲဆန္ဒရှင်တွေအတွက် မိမိမှာတာဝန်ရှိတယ်လို့ယူဆလို့ပြောသင့်ပြောထိုက်တဲ့ စကားကိုပြောခဲ့တာဖြစ်တဲ့အတွက်အပြစ်မရှိပါဘူးလို့ငြင်းဆိုခဲ့တယ်လို့ " ရှေ့နေဒေါ်မင်းမင်းစိုးက ပြောပါတယ် ။

လက်ရှိမှာတော့ NLD ပါတီရဲ့ နာယကဦးဝင်းထိန်းကို နိုင်ငံတော်အကြည်ညိုပျက်စေမူ ပုဒ်မ ၁၂၄ ကနဲ့စွဲချက်တင်အမိန့်ချလိုက်ပြီဖြစ်ပြီး နောက်လာမယ့် ရုံးချိန်းကိုတော့ ဇူလိုင် ၃ဝ ရက်နေ့မှာထပ်စစ်သွားမယ်လို့သိရပါတယ်။

လက်ရှိမှာတော့ ဦးဝင်းထိန်အနေနဲ့ ကျန်းမာရေးကောင်းမွန်နေပြီး အကျဉ်းထောင်တွင်းမှာပဲဒုတိယအကြိမ်မြောက်ရေးသားမယ့်စာအုပ်ကို ထုတ်ဝေဖို့နိုင်ဖို့ရေးသားနေတယ်လို့လည်းရှေ့နေဒေါ်မင်းမင်းစိုးက ပြောပြပါတယ် ။

နိုင်ငံတော်အတိုင်ပင်ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့တရားရုံးချိန်းကိုလည်း မူလက ဇူလိုင် ၂ဝ ရက်နေ့နဲ့၂၂ ရက်နေ့တွေမှာ ရုံးထုတ်ဖို့စီစဉ်ထားပေမယ့် ဇူလိုင် ၂၆၊ ၂၇ ရက်တွေကိုပြောင်းလဲချိန်းဆိုလိုက်တယ်လို့ရှေ့နေဒေါ်မင်းမင်းစိုးဆီက သိရှိရပါတယ် ။


BBC Burmese

https://www.bbc.com/burmese/live/burma-57783160

ဦးဝင်းထိန်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ ကနဲ့ စွဲချက်တင်ဖို့ အမိန့်ချ  ဦးဝင်းထိန်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ ကနဲ့ စွဲချက်တင်ဖို့ အမိန့်ချ Reviewed by THITHTOOLWIN on 22:43 Rating: 5

No comments:

Powered by Blogger.