ကိုဗစ် ၁၉ ကြောင့် ဒေါ်အောင်ဆန်းစုကြည်ရုံးချိန်းတွေ ရွှေ့ဆိုင်း

ဒေါ်အောင်ဆန်းစုကြည်ရုံးချိန်းတွေ ရွှေ့ဆိုင်း

ကိုဗစ် ၁၉ ကူးစက် ပျံ့နှံ့မှုတွေများနေလို့ ဒေါ်အောင်ဆန်းစုကြည် ကိုစွဲဆိုထားတဲ့ အမှုတွေအတွက် ရုံးချိန်းတွေကို ရွေ့ဆိုင်းလိုက်တယ်လို့ ရှေ့နေဒေါ်မင်းမင်းစိုးက ပြောပါတယ်။ ဇူလိုင် ၂၀ ရက် ချိန်းထားတဲ့ ဇဗ္မူသီရိသီးသန့်တရားရုံးမှာရင်ဆိုင်နေတဲ့အမှုတွေကို ဇူလိုင် ၂၆ ရက်နဲ့ ၂၇ ကို ရွေ့ဆိုင်းလိုက်တာပါ။မန္တလေးတိုင်းတရားလွှတ်တော် မှာရင်ဆိုင်ရမယ့် အဂတိအမှုတွေကိုလည်း ဇူလိုင် ၂၂ ရက်ရုံးချိန်းခေါ်ထားရာကနေ ဇူလိုင် ၃၀ ရက်ကို ရွှေ့ဆိုင်းလိုက်တယ်လို့ဆိုပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်ဟာ ပြည်သူတွေကိုဗစ်တတိယလှိုင်းပြင်းထန်စွာခံစားနေရတဲ့အပေါ် အလွန်စိုးရိမ်နေတယ်လို့ ရှေ့နေတွေကတစ်ဆင့်ပြောပါတယ်။ လာမယ့် ဇူလိုင် ၁၉ ရက် အာဇာနည်နေ့မှာ ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်ကို လာပြီး ဂါရဝပြုခွင့်ရ၊မရ လည်း သေချာမသိရသေးဘူးလို့ လည်း ရှေ့နေတွေက ပြောပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-57783160

ကိုဗစ် ၁၉ ကြောင့် ဒေါ်အောင်ဆန်းစုကြည်ရုံးချိန်းတွေ ရွှေ့ဆိုင်း  ကိုဗစ် ၁၉ ကြောင့် ဒေါ်အောင်ဆန်းစုကြည်ရုံးချိန်းတွေ ရွှေ့ဆိုင်း Reviewed by THITHTOOLWIN on 22:41 Rating: 5

No comments:

Powered by Blogger.