ကွတ်ခိုင်မြို့ဈေးမီးလောင်မှုကြောင့် ဈေးဆိုင်ခန်း (၃၀) ဆုံးရှုံး

Photo by MNWN

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့ ယနေ့ (ဇူလိုင် ၁၆ ) မနက် ၁၂ နာရီခွဲကျော်တွင် မြို့မဈေး မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဈေးဆိုင်ခန်းပေါင်း (၃၀) မီးလောင်ဆုံးရှုံးသွားခဲ့ရကြောင်း စုံစမ်းသိရှိရသည်။

ထိုမီးလောင်သွားသည် ဈေးဆိုင်ခန်းများသည် ဆန်၊ လျှပ်စစ်ပစ္စည်းဆိုင်၊ ဆေးဝါးဆိုင် နှင့် ခေါက်ဆွဲ၊ အထည်ဆိုင်တို့ အများဆုံးဖြစ်ကြောင်းသိရသည်။

“ ဆိုင်က (၃၀) ခန်းလောက်မီးထဲပါသွားတယ်။ အများစုကတော့ လျှပ်စစ်ပစ္စည်းဆိုင်တွေ၊ ဆန်၊ ခေါက်ဆွဲ၊ ဆေးဝါး၊ အထည်ဆိုင်တွေဖြစ်တယ်။ ဘာကြောင့်မီးလောင်လဲဆိုတာတော့ ကျနော်တို့ ခုထိမသိရသေးဘူး။” ဟု ကွတ်ခိုင်မြို့ ဒေသခံအမျိုးသားတဦးက ပြောသည်။

ထိုမီးလောင်မှုကြောင့် စုစုပေါင်း ဆုံးရှုံးသွားရသည့် တန်ဖိုး ကို မသိရှိရသေးကြောင်း သိရသည်။

“ စုစုပေါင်းတန်ဖိုးဆုံးရှုံးသွားတယ်ဆိုတာတော့ ကျနော်တို့ မသိရဘူး။ အခု အထည်ဆိုင် တစ်ခုထဲ သိန်း(၄၀) လောက်ဆုံးရှုံးသွားရတယ်လို့ ပြောတယ်။” ဟု အထက်ပါ ပုဂ္ဂိုလ် ကပြောသည်။

ကွတ်ခိုင်မြို့ မြို့မဈေးတွင်  ဈေးဆိုင်ခန်းပေါင်း (၁၀၀၀) ကျော်ရှိပြီး ယနေ့ မီးလောင်မှုကြောင့် ဈေးဆိုင်ခန်း (၃၀) လောက်ဆုံးရှုံးခဲ့ရကြောင်းသိရသည်။

ဖေဖော်ဝါရီ ၁ ရက်စစ်အာဏာသိမ်းပြီးနောက်ပိုင်း ညမထွက်ရ အမိန့်ကို ထုတ်ပြန်ခဲ့သော်လည်း မီးလောင်းမှုများသည် ညမထွက်ရအချိန်တွင် မကြာခဏ ဖြစ်ပွားလျက်ရှိကြောင်းသိရသည်။  


SHAN News (Burmese Version) 

https://www.facebook.com/shannewsburmese

ကွတ်ခိုင်မြို့ဈေးမီးလောင်မှုကြောင့် ဈေးဆိုင်ခန်း (၃၀) ဆုံးရှုံး ကွတ်ခိုင်မြို့ဈေးမီးလောင်မှုကြောင့် ဈေးဆိုင်ခန်း (၃၀) ဆုံးရှုံး Reviewed by THITHTOOLWIN on 20:57 Rating: 5

No comments:

Powered by Blogger.