မြန်မာနိုင်ငံကလာမယ့် ခရီးသည်တွေကို စင်္ကာပူပိတ်ပင်ကန့်သတ်

ဇန်နဝါရီလ ၁၄ ရက်နေ့က စင်္ကာပူနိုင်ငံ Changi အပြည်ပြည်ဆိုင်ရာ လေဆိပ်။ (ဇန်နဝါရီ ၁၄၊ ၂၀၂၁)

မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်မူတွေ မြင့်တက်လာတဲ့အချိန်မှာပဲ စင်္ကာပူအနေနဲ့ မြန်မာနိုင်ငံက လာမယ့် ခရီးသည်တွေကို နိုင်ငံတွင်း ဝင်ခွင့် ကန့်သတ်ချက်ထုတ်လိုက်ပါတယ်။

လွန်ခဲ့တဲ့ ၂၁ ရက်အတွင်းမှာ မြန်မာနိုင်ငံတွင်း ခရီးသွားမှတ်တမ်းရှိခဲ့တဲ့ စင်္ကာပူမှာ ရေရှည်နေထိုင်ခွင့်ရထားသူကိုရော ရေတို လည်ပတ်ခွင့်ဗီဇာရထားသူတွေကိုပါ ကြာသပတေးနေ့စပြီး စင်္ကာပူနိုင်ငံကို ဝင်ရောက်ခွင့်ပေးတော့မှာ မဟုတ်ပါဘူး။ ဒီအထဲမှာ မြန်မာနိုင်ငံမှာ ခရီးတထောက်နားခဲ့သူတွေလည်း အကျုံးဝင်ပါတယ်။ ဒါတွေကတော့ မြန်မာနိုင်ငံကနေ စင်္ကာပူကို တိုက်ရိုက်ဝင်လာမယ့်သူတွေပါ။

ဒါ့အပြင် မြန်မာနိုင်ငံကို တိုက်ရိုက်လာတာ မဟုတ်ပေမဲ့ မကြာသေးခင်အချိန် မြန်မာနိုင်ငံခရီးသွားမှတ်တမ်းရှိခဲ့သူ ဘယ်သူမဆိုလည်း စင်္ကာပူအဝင်မှာ ART လို့ အတိုကောက်ခေါ်တဲ့ ကိုဗစ်အမြန်စစ်ကိရိယာနဲ့ ရောဂါပိုးရှိ၊ မရှိ စစ်ဆေးခံရမယ်လို့ ကြေညာထားပါတယ်။ ဒီလူတွေအနေနဲ့ ၁၄ ရက်ကြာ သီးခြားခွဲနေတာမျိုး မရှိခဲ့ရင်လည်း စင်္ကာပူမှာ အစိုးရသတ်မှတ်ပေးထားတဲ့ ကန့်သတ်စခန်းမှာ ၁၄ ရက်ကြာနေထိုင်ရမှာဖြစ်ပါတယ်။ အဲဒီနောက် အသွားအလာကန့်သတ်နေထိုင်မှု ၁၄ ရက်ပြည့်ရင်လည်း PCR ခေါ်တဲ့ ပုံမှန်ကိုဗစ်ရောဂါပိုးစစ်ဆေးမှုကို ခံယူရပါမယ်။ 


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/myanmar-covid-cases-and-sigapore-mm-travellers/5965271.html

မြန်မာနိုင်ငံကလာမယ့် ခရီးသည်တွေကို စင်္ကာပူပိတ်ပင်ကန့်သတ် မြန်မာနိုင်ငံကလာမယ့် ခရီးသည်တွေကို စင်္ကာပူပိတ်ပင်ကန့်သတ် Reviewed by THITHTOOLWIN on 20:35 Rating: 5

No comments:

Powered by Blogger.