ရှမ်း​​မြောက်​နေရာ ၂နေရာတွင် တိုက်ပွဲဆက်လက်ဖြစ်ပွား


19 July 2021 - Kachinwaves 

ယ​​​နေ့ ရှမ်း​ပြည်နယ်မြောက်ပိုင်း ​နေရာနှစ်​နေရာတွင် စစ်​ကောင်စီတပ်နှင့် ကေအိုင်​အေတို့ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့​ကြောင်း သတင်းရရှိသည်။ 

ကွတ်ခိုင်မြို့နယ် မုန်းဆီးကျေးရွာအုပ်စု တိန့်လုတ်ကျေးရွာနှင့် ကောင်းလင်ကျေးရွာကြား နန်ဆားချောင်းအနီးတွင် ယနေ့ နံနက် ၁၀နာရီခန့်မှ ၁၂နာရီခန့်အထိ ကေအိုင်​အေတပ်မဟာ(၁၀) တပ်ရင်း(၂) နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲ ဖြစ်ပွားကြောင်း သိရသည်။

စစ်ကောင်စီတပ်တို့နှင့် ကေအိုင်အေ တပ်တို့ တိုက်ပွဲဖြစ်သည့် နေရာသို့ စစ်ကောင်စီတပ် မုန်းစီးဗျုဟာစခန်းမှ လက်နက်ကြီး ပစ်ကူကြောင်း သိရသည်။

ရှမ်းပြည်မြောက်ပိုင်းရှိ ကေအိုင်အေအမှတ်(၆)တပ်မဟာလက်​အောက် အမှတ်(၃၆)တပ်ရင်းနယ်မြေ၊ မုန်းကိုးဒေသ မန်ဂျန်ဘွမ်တွင်လည်း စစ်ကောင်စီတပ်တို့ စစ်အင်အား တိုးချဲ့လာသည့်အတွက် ယနေ့ ဇူလိုင်လ(၁၉)ရက်နေ့ နံနက်၉နာရီခွဲခန့်တွင် ကေအိုင်အေ နှင့် စစ်ကောင်စီတပ်တို့တိုက်ပွဲ ဖြစ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်တို့သည်  မော်တောင်ကျေးရွာနှင့် ဒါလုံးကျေးရွာဘက်သို့လည်း စစ်အင်အား တိုးချဲ့လာသည့်အတွက် ဇူလိုင်(၁၈)ရက်နေ့တွင် ကေအိုင်အေနှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖောင်းဆိုင်ကျေးရွာ၌ စခန်းချနေသည့် စစ်ကောင်စီတပ်တို့သည် ကိုးကန့်တိုင်းရင်းသားလက်နက်ကိုင်များနှင့် တိုက်ပွဲ မကြာခဏဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီတပ်တို့သည်   ကျေးရွာအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်ခြင်းကြောင့် ပြည်သူတစ်ချို့ လုံခြုံသည့်နေရာသို့ ထွက်ပြေးတိမ်းရှောင် နေကြရ​ကြောင်း သိရသည်။


Kachinwaves

https://www.facebook.com/kachinwavesnews

ရှမ်း​​မြောက်​နေရာ ၂နေရာတွင် တိုက်ပွဲဆက်လက်ဖြစ်ပွား ရှမ်း​​မြောက်​နေရာ ၂နေရာတွင် တိုက်ပွဲဆက်လက်ဖြစ်ပွား Reviewed by THITHTOOLWIN on 22:09 Rating: 5

No comments:

Powered by Blogger.