ရေစကြိုမြို့ ပညာရေး CDM ဝန်ထမ်းတဦးရဲ့နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့တွေ ဝင်ရောက်ဖျက်ဆီး


ရေစကြို၊ ဇူလိုင် ၁၉၊ ၂၀၂၁။

မကွေးတိုင်း၊ ရေစကြိုမြို့မှာ ဇူလိုင်လ ၁၉ ရက်နေ့ မနက်ပိုင်းက CDM ပြုလုပ်ထားတဲ့ ပညာရေးဝန်ထမ်းတဦးရဲ့နေအိမ်ကို စစ်ကောင်စီတပ်တွေက ဝင်ရောက်ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

''ရေစကြိုမြို့၊ အမှတ် ၇ ရပ်ကွက်က CDM မှာပါဝင်နေတဲ့ မြို့နယ်ပညာရေးမှူးရုံးဝန်ထမ်း ဦးချစ်မောင်ရဲ့ နေအိမ်ကို အကြမ်းဖက်စစ်ကောင်စီတပ်တွေက ကားနှစ်စီးနဲ့ရောက်လာပြီး အိမ်ထဲက ပစ္စည်းတွေကို ဖျက်ဆီးသွားတယ်'' လို့ ဒေသခံတဦးက ပြောပါတယ်။

အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာပါဝင်တဲ့ ပညာရေးမှူးရုံးကဝန်ထမ်း ဦးချစ်မောင်နဲ့ သူ့မိသားစုကတော့ အခြားနေရာမှာ ရှောင်တိမ်းနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။


မြေလတ်အသံ - Myaelatt Athan

https://www.facebook.com/myaelattathan

ရေစကြိုမြို့ ပညာရေး CDM ဝန်ထမ်းတဦးရဲ့နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့တွေ ဝင်ရောက်ဖျက်ဆီး ရေစကြိုမြို့ ပညာရေး CDM ဝန်ထမ်းတဦးရဲ့နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့တွေ ဝင်ရောက်ဖျက်ဆီး Reviewed by THITHTOOLWIN on 21:58 Rating: 5

No comments:

Powered by Blogger.