ဆိုင်ကယ်ဖြင့် နာ​ရေးပို့​ဆောင်​နေရသည့် မင်းတပ်မြို့

Photo: မင်းတပ်ပရဟိတ

22 July 2021 - Kachinwaves 

ချင်းပြည်နယ် မင်းတပ်မြို့တွင် နာရေးကားရရှိနိုင်ရန် အခက်အခဲများရှိ​နေ၍ ဆိုင်ကယ်ဖြင့် အလောင်းများကို ခက်ခက်ခဲခဲသယ်ပြီး မီးသဂြိုလ်ပေး​နေရကြောင်း သိရသည်။ 

ဇူလိုင်လ ၂၁ရက်​​​နေ့တွင် ဆိုင်ကယ်ဖြင့် ပို့​ဆောင်ခဲ့ရသည့် ​သေဆုံးသူမှာ ဂန့်ဂေါခရိုင်ပညာ​ရေးရုံးမှ CDM ၀န်ထမ်း  လက်ထောက်ညွှန်ကြားရေးမှူး ဦးဟာထန်းကီးဖြစ်​ကြောင်းသိရသည်။ 

​သေဆုံးသူသည် Covid-19 ​ရောဂါဖြင့်​သေဆုံးခြင်း မဟုတ်​ကြောင်းလည်း သိရသည်။ 

မင်းတပ်မြို့တွင် လွန်ခဲ့သည့် ရက်ပိုင်းက စတင်ပြီး တိုက်ပွဲပြန်ဖြစ်​နေ​ကြောင်းလည်း သိရသည်။ 


Kachinwaves

https://www.facebook.com/kachinwavesnews

ဆိုင်ကယ်ဖြင့် နာ​ရေးပို့​ဆောင်​နေရသည့် မင်းတပ်မြို့ ဆိုင်ကယ်ဖြင့် နာ​ရေးပို့​ဆောင်​နေရသည့် မင်းတပ်မြို့ Reviewed by THITHTOOLWIN on 23:38 Rating: 5

No comments:

Powered by Blogger.