မြန်မာပြည်တွင်း ဆက်လည်ပတ်ဖို့ ချင့်ချိန်နေတယ်လို့ တယ်လီနော် ဆို

မြန်မာပြည်တွင်း ဆက်လည်ပတ်ဖို့ ချင့်ချိန်နေတယ်လို့ တယ်လီနော် ဆို

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေး လုပ်ငန်းတွေ ကျဆင်းနေသလို လုံခြုံရေးနဲ့ လူ့အခွင့်အရေးအခြေအနေတွေ ပိုမိုဆိုးဝါးလာနေတဲ့အတွက်ကြောင့် မြန်မာပြည်တွင်းမှာ ရှိတဲ့ သူတို့ရဲ့ လုပ်ငန်းလည်ပတ်မှုတွေနဲ့ ပတ်သက်လို့ စဉ်းစားချင့်ချိန်နေတယ်လို့ နော်ဝေးအခြေစိုက် ဆက်သွယ်ရေး ကုမ္ပဏီ တယ်လီနော်က ပြောပါတယ်။

မိုဘိုင်းဆက်သွယ်ရေးကွန်ရက်တွေကို ဆိုးဆိုးဝါးဝါး ကန့်သတ်ခံရပြီးတဲ့နောက်ပိုင်း မြန်မာပြည်တွင်းမှာရှိတဲ့ တယ်လီနော် ကုမ္ပဏီပိုင် ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၆.၅ ဘီလီယံကို ဆုံးရှုံးမှုအဖြစ် တယ်လီနော်ဘက်က မေလ ၄ ရက်နေ့မှာ သတ်မှတ်ခဲ့ပါတယ်။

အဲဒီအချိန်တုန်းကတော့ မြန်မာနိုင်ငံတွင်းမှာ ဆက်လက်လည်ပတ်ဖို့ ဆုံးဖြတ်ခဲ့ပေမယ့် လက်ရှိနိုင်ငံတွင်း အခြေအနေတွေကြောင့် တခြားရွေးချယ်စရာတွေကို တွက်ဆနေတယ်လို့ တယ်လီနော် ကုမ္ပဏီဘက်က သောကြာနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

တယ်လီနော် ကုမ္ပဏီအနေနဲ့ မြန်မာပြည်က စီးပွားရေး လုပ်ငန်းတွေကို ရောင်းချဖို့ လုပ်နေပြီလို့ TMT Finance မီဒီယာမှာ ကြာသပတေးနေ့က ရေးသားထားပါတယ်။

ဒါပေမဲ့ တယ်လီနော်ဘက်ကတော့ ချင့်ချိန်တွက်ဆမှုတွေ လုပ်နေဆဲဖြစ်ပြီး ဒါနဲ့ ပတ်သက်လို့ တစုံတရာ မှတ်ချက်မပေးလိုဘူးလို့ တုံ့ပြန်ထားပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-57652919

မြန်မာပြည်တွင်း ဆက်လည်ပတ်ဖို့ ချင့်ချိန်နေတယ်လို့ တယ်လီနော် ဆို မြန်မာပြည်တွင်း ဆက်လည်ပတ်ဖို့ ချင့်ချိန်နေတယ်လို့ တယ်လီနော် ဆို Reviewed by THITHTOOLWIN on 19:23 Rating: 5

No comments:

Powered by Blogger.