ကနီနဲ့ဘုတလင်ဘက်ကကျေးရွာတွေမှာ တိုက်ပွဲပြင်းထန်နေ

ရွာပေါင်း ၁ဝ ရွာကျော်ကပြည်သူတွေတိမ်းရှောင်နေရ

ကနီမြို့နဲ့ ဘုတလင်မြို့နယ်မှာ စစ်ကောင်စီနဲ့ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားတာကြောင့် ကနီနဲ့ဘုတလင်မြို့နယ်ထဲက ကျေးရွာပေါင်း ၁ဝ ရွာကျော်က ပြည်သူတွေနီးစပ်ရာတောတောင်တွေထဲ တိမ်းရှောင်နေရတယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။

"မနေ့တုန်းက ၁၁နာရီလောက်ကတည်းက ဘုတလင်နဲ့ကနီကြားထဲမှာစပစ်တာ။ PDF ကလည်း သူတို့ကို တိုက်ပွဲမခေါ်သေးဘူး ။ သူတို့စစ်ကောင်စီဘက်ကစပစ်တာ။ ကလေးတွေ သင်တန်းတက်တာကို ဒလန်ကသတင်းပေးရာကစဖြစ်တာပဲ။ ပြည်သူတွေရဲ့ဆိုင်ကယ်တွေကို ပစ်တယ်။ လက်နက်ကြီးတွေနဲ့ထုတယ်။ စက်သေနတ်တွေနဲ့ပစ်တာအချက်ပေါင်း ၁ဝဝကျော်တယ်။ သူတို့ကစာသင်ကျောင်းနားမှာ တပ်စွဲထားပြီး ရွာဘက်ကိုလှမ်းပစ်တယ်။ ရွာသားတွေကတော့ တစ်ယောက်မှ မကျန် တောထဲပြေးပြီ။ သက်ကြီးရွယ်အိုတွေလည်း မထားခဲ့ရဲဘူး။ အခုတောထဲမှာလည်း အရမ်းဒုက္ခရောက်နေတယ် ။ တောထဲကိုလည်းထပ်ပြီးပစ်နေတယ် " လို့တိမ်းရှောင်နေရတဲ့ ရွာသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

ဒါ့ပြင် ဒေသခံတွေရဲ့နေအိမ်နဲ့ကျေးရွာတွေထဲကို ဝင်ရောက်ဖျက်ဆီးမှုတွေ ရှိနေပြီးဒေသခံပြည်သူတချို့ကိုလည်း ဖမ်းဆီးမှုတွေ ရှိနေတယ်လို့သိရပါတယ်။

လက်ရှိမှာ ပစ်ခတ်မှုတွေဆက်ရှိနေဆဲဖြစ်တယ်လို့လည်း ဒေသခံတွေကပြောကြားပြီး ထိခိုက်ဒဏ်ရာရရှိတဲ့အခြေအနေကိုတော့ မသိရသေးပါဘူး။

လက်ရှိဖြစ်နေတဲ့ ဖြစ်စဉ်နဲ့ပတ်သက်လို့ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကိုဆက်သွယ်မေးမြန်းကြည့်ရာမှာတော့ လက်ရှိတိုက်ပွဲဖြစ်ပွားနေဆဲ အခြေနေဖြစ်တဲ့အတွက် ရွာသားတွေရဲ့လုံခြုံရေးကြောင့် သတင်းမထုတ်ပြန်နိုင်သေးဘူလို့ဆိုပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့စစ်ကောင်စီဘက်ကလည်း ဇူလိုင် ၂ ရက်နေ့ ညနေ လေးနာရီကျော်ထိ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။


BBC Burmese

https://www.bbc.com/burmese/live/burma-57652919

ကနီနဲ့ဘုတလင်ဘက်ကကျေးရွာတွေမှာ တိုက်ပွဲပြင်းထန်နေ  ကနီနဲ့ဘုတလင်ဘက်ကကျေးရွာတွေမှာ တိုက်ပွဲပြင်းထန်နေ Reviewed by THITHTOOLWIN on 19:26 Rating: 5

No comments:

Powered by Blogger.