မြန်မာကို စစ်လက်နက်ပစ္စည်းပံ့ပိုးဖို့ ပူးပေါင်းလုပ်ဆောင်နေ - ရုရှားလက်နက်ကုမဏီအကြီးအကဲ

 

Russian defense minister met Myanmar military chief

မြန်မာစစ်တပ်အတွက် လေယာဉ်တွေအပါအဝင် စစ်ဖက်ဆိုင်ရာ စစ်လက်နက်ပစ္စည်းတွေကိုထောက်ပံ့သွားဖို့ နှစ်နိုင်ငံအနီး ကပ်ပူးပေါင်း ဆောင်ရွက်နေကြောင်း ရုရှားနိုင်ငံပိုင်လက်နက်အရောင်းအဝယ်လုပ်ငန်း Rosoboronexport အကြီးအကဲ Alexander Mikheev ကိုကိုးကားပြီး ရုရှား Interfax သတင်းအေဂျင်စီက ဗုဒ္ဓဟူးနေ့မှာ ကြေငြာပါတယ်။ 

လူ့အခွင့်အရေးသမားတွေကတော့ စစ်အာဏာသိမ်းထားမြန်မာစစ်တပ်ကို တရားဝင်ဖြစ်အောင် ရုရှားနိုင်ငံက အပြန်အလှန်အလည်အပတ်သွားတာတွေ လက်နက်အရေ င်းအဝယ်တွေ လုပ်နေတာလို့ စွပ်စွဲကြပါတယ်။ ပြီးခဲ့တဲ့လက မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မော်စကိုမြို့ကိုသွားရောက်တဲ့အချိန်မှာပဲ မြန်မာနဲ့ရုရှားနိုင်ငံကြား စစ်ဖက်ဆက်ဆံရေးခိုင်မာအောင်လုပ်သွားမယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu ကပြောကြားခဲ့ပါတယ်။ 

တောင်အာရှနိုင်ငံတွေထဲမှာတော့ မြန်မာဟာ ရုရှားရဲ့လက်နက်နည်းပညာပိုင်းဆိုင်ရာ ကုမဏီ Rosetec နဲ့ Rosoboronexport ရဲ့ အဓိက မိတ်ဖက်နိုင်ငံတခုဖြစ်တယ်လို့လည်း Mikheev ရုရှားနိုင်ငံမှာ နှစ်စဉ်ကျင်းပတဲ့ MAKS လေကြောင်းပြပွဲမှာ ပြောဆိုခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အသေးစိတ်ကိုတော့သူက ဆက်ပြောမသွားပါဘူး။ လတ်တလောနှစ်တွေအတွင်း မြန်မာနဲ့ ရုရှားနှစ်နိုင်ငံဆက်ဆံရေးတိုးတက်လာပါတယ်။ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုထဲမှာ မြန်မာစစ်တပ်က စစ်သည်အများအပြားကို ရုရှားတက္ကသိုလ်တွေက ပညာသင်စားရိတ်ထောက်ပံ့ပြီး ခေါ်ယူသင်ကြားပေးခဲ့သလို၊ အနောက်နိုင်ငံတွေက နာမည်မည်းစာရင်းသွင်းထားတဲ့ မြန်မာစစ်တပ်ကို စစ်လက်နက်တွေရောင်းချပေးလာတာဖြစ်ပါတယ်။


 VOA (မြန်မာပိုင်း)

https://burmese.voanews.com/a/myanmar-russia-military/5973915.html

မြန်မာကို စစ်လက်နက်ပစ္စည်းပံ့ပိုးဖို့ ပူးပေါင်းလုပ်ဆောင်နေ - ရုရှားလက်နက်ကုမဏီအကြီးအကဲ မြန်မာကို စစ်လက်နက်ပစ္စည်းပံ့ပိုးဖို့ ပူးပေါင်းလုပ်ဆောင်နေ - ရုရှားလက်နက်ကုမဏီအကြီးအကဲ Reviewed by THITHTOOLWIN on 21:47 Rating: 5

No comments:

Powered by Blogger.