ဒီမော့ဆိုမြို့ စံပြ၆မိုင်တိုက်ပွဲမှာ PDF တစ်ဦးကျဆုံး


ကရင်နီပြည်နယ်၊ ဒီမော့ဆိုမြို့ စံပြ၆မိုင်ကျေးရွာမှာ ဒီကနေ့ ဇွန်လ ၃ရက်နေ့ နံနက်၈နာရီဝန်းကျင်မှာ ပြည်သူ့ကာကွယ်ရေးတပ်(PDF) နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့တိုက်ပွဲ ၄နာရီကြာ ဖြစ်ပွားခဲ့ပြီး PDF တစ်ဦးကျသွားတယ်လို့ သိရပါတယ်။ 

"ဒီရက်ပစ်ခတ်မှုကတော့ ကျတော်တို့ဖက်က လူငယ်တစ်ယောက်ကျတယ် စနိုက်ဘာမိလို့ ဒဏ်ရာရတဲ့သူတော့မရှိဘူး" လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ရဲ့ သတင်းနှင့်ပြန်ကြားရေး ပြော​ရေးဆိုခွင့်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။ 

အကြမ်းဖက်စစ်ကောင်စီတပ်မှ နံနက် ၂နာရီအချိန်ခန့်က  တင့်ကား၂စီး၊ အင်အားအပြည့်ပါတဲ့ စစ်ကား ၁၀စီးခန့်ကို ဒီမော့ဆိုတိုက်ပွဲမှာအင်အားဖြည့်ရန် လွိုင်ကော်မြို့ကနေ အင်အား ၁၀၀ ဝန်းကျင်ခန့်က နေရာယူထားတယ်လို့ သိရပါတယ်။ 

စစ်ကောင်စီဖက်က လွိုင်ကော်အခြေစိုက်အမြှောက်တပ်ကနေ လက်နက်ကြီး ၊ အမြှောက်တွေနဲ့ ပစ်ခတ်ကူပြီး မြေပြင်မှာလည်း ဘုရားကျောင်း၊ နှစ်ထပ်အဆောက်အအုံတွေမှာ စနိုက်ပါနဲ့ ပစ်ခတ်နေတယ်လို့ မြေပြင်မှာရောက်ရှိနေသူတစ်ဦးထံက သိရပါတယ်။ 

တိုက်ပွဲမှာ စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အဆက်မပြတ် ပစ်ခတ်နေပြီး အင်အားမမျှတာကြောင့် PDFအဖွဲ့  ပြန်ဆုတ်ခဲ့ရတယ်လို့ သိရပါတယ်။ 

ဒီကနေ့ ဇွန်လ ၃ရက်နေ့ လွိုင်ကော်လေဆိပ်မှာ ၅ကြိမ်ထက်မနည်းတဲ့ လေယာဥ်အတက်အဆင်းရှိခဲ့သလို လွိုင်ကော်မြို့ရှိ လမ်းအချို့ကိုလည်း ပိတ်ထားလိုက်တယ်လို့ ဒေသခံပြောကြားချက်အရ သိရပါတယ်။


Kantarawaddy Times 

https://www.facebook.com/KantarawaddyTimes

ဒီမော့ဆိုမြို့ စံပြ၆မိုင်တိုက်ပွဲမှာ PDF တစ်ဦးကျဆုံး ဒီမော့ဆိုမြို့ စံပြ၆မိုင်တိုက်ပွဲမှာ PDF တစ်ဦးကျဆုံး Reviewed by THITHTOOLWIN on 20:56 Rating: 5

No comments:

Powered by Blogger.