မန်ရွက်ကျေးရွာ၏ NLD ပါတီ ဥက္ကဌကို စစ်ကောင်စီက ဖမ်းဆီးထား


Jun 6,2021/Kachin News Group

မိုးကောင်းမြို့နယ် မန်ရွက်ကျေး၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဌ ဦးကျော်အုန်းကို အကြမ်းဖက် စစ်ကောင်စီက လူအင်အများအပြားဖြင့် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရသည်။

မေလ ၅ရက်နေ့ နေ့လည် ၁၂နာရီဝန်းကျင်တွင် အရပ်ဝတ်ဖြင့် လက်နက်အင်အားများအပါ လူ ၁၁ဦးက ဦးကျော်အုန်း၏ နေအိမ်တွင် လာခေါ်သွားကြောင်း မိသားစုထံမှသိရသည်။

"သူတို့ကအရပ်ဝတ်တွေနဲ့လာကြတော့ ဘယ်မှန်းမသိလိုက်ဘူး။ သေနတ်တွေလည်း ကိုယ်စီကိုင်ထားကြတယ်။ ကျမက ဘယ်ကိုခေါ်သွားမလဲမေးတော့ မိုးကောင်းတောင်ခြေက (၇၄)စစ်တပ် ဗျူဟာကနေခေါ်ခိုင်းတယ်လို့ပြောတယ်။ သူတို့နဲ့ပူးပေါင်းပေးဖို့ ဆွေးနွေးရန်ရှိတယ်ဆိုပြီးခေါ်သွားတယ်။ အခုထိပြန်မပို့ပေးကြသေးဘူ။ သူကကျန်းမာရေးလည်းမကောင်းဘူး။ အဲ့ကြောင့် ကျမအရမ်းစိတ်ပူနေတယ်"ဟုပြောဆိုသည်။

ဦးကျော်အုန်း ဖမ်းဆီးခံရသည်မှာ ဒလန်များ၏ သတင်းပေးချက်အရဖြစ်သည်ဟု မိသားစုကပြောဆိုသည်။

လက်ရှိတွင် ဦးကျော်အုန်းကို အဆက်အသွယ်မရရှိသည့်အပြင် မည်သည့်နေရာတွင် ဖမ်းဆီးခေါ်ထားကြောင်း မသိရသည့်အတွက် မိသားစုဝင်များက အလွန်စိတ်ပူနေကြောင်း အမြန်လွတ်ပေးရန် တောင်းဆိုထားသည်။

ဦးကျော်အုန်းသည် အသက် ၆၈ အရွယ်ခန့်ရှိသူဖြစ်ပြီး NLD ပါတီ ဥက္ကဌအပြင် ကျေးရွာ၏ လူမှုရေးလုပ်ငန်းတိုင်းတွင် ပါဝင်ကူညီပေးနေသူ တစ်ဦးဖြစ်လည်းသိရသည်။


Kachin News Group 

https://www.facebook.com/theKachinNews

မန်ရွက်ကျေးရွာ၏ NLD ပါတီ ဥက္ကဌကို စစ်ကောင်စီက ဖမ်းဆီးထား မန်ရွက်ကျေးရွာ၏ NLD ပါတီ ဥက္ကဌကို စစ်ကောင်စီက ဖမ်းဆီးထား Reviewed by THITHTOOLWIN on 20:05 Rating: 5

No comments:

Powered by Blogger.