ဧရာဝတီတိုင်းက စစ်ရှောင်တွေ အကူအညီ‌ပေးဖို့ အခက်တွေ့နေ



ပစ်ခတ်နှိမ်နှင်းမူတွေအပြင် လူသေဆုံးမူတွေပါရှိခဲ့တဲ့ ဧရာဝတီတိုင်းကျူံပျော်မြို့နယ် ဇရစ်ရိုးကျေးရွာအုပ်စု လှေဆွဲကျေးရွာနဲ့ အနီးတစ်ဝိုက်က စစ်ဘေးရှောင်ပြည်သူတွေကို အကူညီပေးသွားရောက်ဖို့ အခက်ခဲတွေရှိနေတယ်လို့ ဒေသခံတွေနဲ့ ကူညီကယ်ဆယ်ပေးရေးအဖွဲ့တွေက ပြောပါတယ်။

ဇွန်လ ၅ရက်နေ့ မနေ့က ပစ်ခတ်မူတွေကြောင့် လှေဆွဲရွာတစ်ရွာလုံးနီးပါး အနီးနားက တောတွေနဲ့ နီးစပ်ရွာကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ် ။

"သူတို့တွေက စစ်ဘေးရှောင်တဲ့လူတွေလိုဖြစ်နေတယ်။ လှူမယ့်ပစ္စည်းတွေလည်းရောက်နေတယ် ။ အဆင်သင့်ဖြစ်နေပေမဲ့ ရွာနားကို ကပ်လို့ကိုမရဘူး ။ ဖြစ်တာက ဗြူန်းစားကြီးဖြစ်သွားတော့ အစားသောက် အဓိကလိုတာပေါ့ ။ဆေးဝါးကတော့ အခုချက်ခြင်းမလိုသေးပေမယ့် နောက်ပိုင်း လိုလာလိမ့်မယ် ။ ရွာထဲကို လူစိမ်းဝင်လို့အဆင်မပြေဘူး။ ရွာသားတွေကို ကိုယ့်အိမ်မှာကိုယ်နေဆိုတဲ့ပုံစံမျိုးလုပ်ထားတယ် " လို့အကူညီပေးဖို့လုပ်ဆောင်နေသူတွေက ဘီဘီစီကိုပြောပါတယ် ။

လက်ရှိမှာတော့ ပစ်ခတ်မူတွေဖြစ်ထားတဲ့ လှေဆွဲကျေးရွာအပြင် အနီးနားကရွာတွေပါ ပေါင်း ၁ဝရွာလောက်က ပြည်သူတွေပါ ထွက်ပြေး တိမ်းရှောင်နေတယ်လို့ သိရပါတယ်။

မနေ့က ဇွန်လ ၅ ရက်နေ့က လှေဆွဲကျေးရွာမှာ ဖြစ်ခဲ့တဲ့ပစ်ခတ်မူတွေကြောင့် ဖမ်းဆီးခံရသူ တွေရှိခဲ့ပြီး ရွာသားတွေရဲ့ မျက်မြင်အရ သေဆုံး သူ ၃ ယောက်ရှိတယ်လို့ ဒေသခံရွာသားတွေကပြောပေမယ့် သေဆုံးသူစာရင်းတွေ ထပ်တိုးလာပြီး စာရင်းအတိကျကိုတော့ အတည်ပြုဖို့ကြိုးစားနေဆဲဖြစ်တယ်လို့ ပြောပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-57242648

ဧရာဝတီတိုင်းက စစ်ရှောင်တွေ အကူအညီ‌ပေးဖို့ အခက်တွေ့နေ  ဧရာဝတီတိုင်းက စစ်ရှောင်တွေ အကူအညီ‌ပေးဖို့ အခက်တွေ့နေ Reviewed by THITHTOOLWIN on 20:15 Rating: 5

No comments:

Powered by Blogger.