တောင်ကိုရီးယားက မြန်မာကျောင်းသားတွေ အရေးပေါ် ထောက်ပံ့ကြေးလျှောက်ထားနိုင်

Federation of Korean Trade Unions နဲ့ Korea Inclusive Finance Agency တို့နဲ့မြန်မာကျောင်းသားများ အသင်း ( ကိုရီးယား ) MSO တို့ တွေ့ဆုံပြီး မြန်မာကျောင်းသားတွေကို ထောက်ပံ့ကြေး တလ ဝမ် ၃ သိန်းစီ နဲ့ ၈ လစာ ပေးသွားဖို့ ဇွန်လ ၁၇ ရက်က သဘောတူလက်မှတ် ရေးထိုးခဲ့ကြပါတယ်။

ဒီထောက်ပံ့ကြေးဟာ မမျှော်လင့်ထားဘဲ အခက်အခဲ ကြုံလာရတဲ့ မြန်မာကျောင်းသားတွေအတွက် အတန်းပညာ ပြီးဆုံးအောင်သင်ကြားနိုင်ဖို့ ထိရောက်ပြီး အကျိုးရှိတဲ့ ကူညီမှု ဖြစ်လို့ ကျေးဇူးတင်တဲ့ အကြောင်း မြန်မာကျောင်းသားများ အသင်း ( ကိုရီးယား )ရဲ့ ဥက္ကဌက ပြောပါတယ်။

Federation of Korean Trade Unions က တာဝန်ရှိသူကတော့ သူတို့ ဖောင်ဒေးရှင်းဟာ နိုင်ငံစုံ အလွှာစုံက အခက်အခဲ ကြုံနေရသူတွေကို ကူညီဖေးမပြီး လူ့အဖွဲ့အစည်းထဲမှာ အားငယ်နေရသူများကို ကူညီနေတဲ့ ဖောင်ဒေးရှင်းဖြစ်တာကြောင့် မြန်မာကျောင်းသားတွေကို အရေးပေါ် ထောက်ပံ့ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။

အဲဒီဆွေးနွေးပွဲမှာ မြန်မာကျောင်းသားများ အသင်းက အမှုဆောင်တွေက အလုပ်အကိုင် ရှာဖွေခွင့် ဗီဇာ ကိုင်ဆောင်ထားသူတွေရဲ့ အခက်အခဲ တွေကိုလည်း ထပ်ဆောင်း တင်ပြဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီဆွေးနွေးမှုရဲ့ ရလဒ်တွေကို မကြာခင် ထုတ်ပြန်ပေးသွားမယ်လို့ သိရပါတယ်။ အဲဒီ အရေးပေါ် ထောက်ပံ့ကြေး လျှောက်ထားလိုသူတွေအတွက် တောင်ကိုရီးယား အဖွဲ့အစည်းဘက်က မကြာခင် လင့်ခ် တခုချပေးပြီး အဲဒီမှာ နေက်ဆုံးအဆင့် ထောက်ပံ့ကြေးကို လျှောက်ထားရမှာ ဖြစ်ပြီး အောင်မြင်ရင် ၃ ရက်အတွင်း ငွေလွှဲပေးသွားမှာ ဖြစ်ပါတယ်။ 


BBC Burmese

https://www.bbc.com/burmese/live/burma-57497528

တောင်ကိုရီးယားက မြန်မာကျောင်းသားတွေ အရေးပေါ် ထောက်ပံ့ကြေးလျှောက်ထားနိုင် တောင်ကိုရီးယားက မြန်မာကျောင်းသားတွေ အရေးပေါ် ထောက်ပံ့ကြေးလျှောက်ထားနိုင် Reviewed by THITHTOOLWIN on 03:12 Rating: 5

No comments:

Powered by Blogger.