တာမွေမြို့နယ်က ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရ

တာမွေမြို့နယ်က ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရ ၂၀၂၁၊ ဇွန် ၈ ရက်နေ့က သေနတ်နဲ့ အပစ်ခံရတဲ့ ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ ကျားကွက်သစ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဒေါ်စိုးစိုးလွင် ကို လူနာတင်ယာဥ်ပေါ် ခေါ်ဆောင်နေတာကို တွေ့ရစဉ် / Photo: Citizen Journalist

ဇွန်လ (၈) ရက် ဒီမနက် ၁၀ နာရီလောက်က ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ ကျားကွက်သစ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဒေါ်စိုးစိုးလွင် ကို အမည်မသိ သေနတ်သမားတွေက ပစ်ခတ်ခဲ့တဲ့အတွက် သေဆုံးသွားတယ် လို့ လုံခြုံရေးအရ အမည်မဖော်လိုသူတစ်ဦးက RFA ကို ပြောပါတယ်။

ဒေါ်စိုးစိုးလွင်ဟာ တာမွေ၊ သတိပဌာန်လမ်းထဲက သူ့ရဲ့ကားထဲမှာရှိနေချိန် သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတာလို့ ဖြစ်စဉ်အနီးမှာရှိတဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူတစ်ဦး က RFA ကို ပြောပါတယ်။

သတိပဌာန်လမ်းမှာ ဒေါ်စိုးစိုးလွင်ရဲ့ နေအိမ်မရှိသလို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးလည်း မရှိတာကြောင့် ဒီနေရာကို ဘာကြောင့်ရောက်နေတာလဲဆိုတာမသိပေမယ့် သူဟာ အရင်က ကားပွဲစားတစ်ဦး ဖြစ်ခဲ့ဖူး တာကြောင့် ကားအရောင်းအဝယ်အတွက် ရောက်နေတာဖြစ်နိုင်တယ်လို့ သူက ဆိုပါတယ်။

သေနတ်နဲ့ အပစ်ခံလိုက်ရတဲ့ ဒေါ်စိုးစိုးလွင် ကို လူနာတင်ကားနဲ့ လာရောက်သယ်ဆောင်သွားပေမယ့် ဖြစ်စဉ် အနီးမှာ စစ်ကောင်စီရဲ့ လုံခြုံရေးတပ်ဖွဲ့တွေက စုံစမ်းစစ်ဆေးမှုတွေကို ဒီနေ့ နေ့လယ် ၁ နာခွဲအထိ လုပ်ခဲ့တယ်၊ အရပ်သားအချို့ကို သံသယနဲ့ စစ်ဆေးနေတယ်လို့လည်း လုံခြုံရေးအရ နာမည်အဖော်လိုတဲ့ မျက်မြင်တွေ့ရှိသူတွေက RFA ကို ပြောပါတယ်။

တာမွေ၊ ကျားကွက်သစ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဒေါ်စိုးစိုးလွင်ကို ဘယ်သူတွေက ပစ်ခတ်ခဲ့တယ်ဆိုတာ မသိရပေမယ့် ဒေါ်စိုးစိုးလွင်ဟာ စစ်တပ်ရဲ့ အောက်ခြေအုပ်ချုပ်ရေးယန္တရားမှာ ပါဝင် အမှုထမ်းနေသူတစ်ဦး ဖြစ်တဲ့အတွက် အခုလို ပစ်သတ်ခံရတာဖြစ်နိုင်တယ်လို့လည်း လုံခြုံရေးအရ နာမည်မဖော်လိုတဲ့ ရပ်ကွက်နေ ပြည်သူတွေက ခန့်မှန်းပြောဆိုကြပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/tarmwe-ward-administrator-death-06082021043718.html

တာမွေမြို့နယ်က ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရ  တာမွေမြို့နယ်က ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရ Reviewed by THITHTOOLWIN on 20:49 Rating: 5

No comments:

Powered by Blogger.