စစ်ကောင်စီရဲ့ လိမ်ညာပြောဆိုချက် မစိုးရိမ်တိုက်သစ် သံဃာတော်တွေ ကန့်ကွက်

စစ်ကောင်စီရဲ့ လိမ်ညာပြောဆိုချက် မစိုးရိမ်တိုက်သစ် သံဃာတော်တွေ ကန့်ကွက် ဧပြီလက မန္တလေး မစိုးရိမ်တိုက်သစ်က သံဃာတော်တွေ မြန်မာပြည်သူပြည်သားတွေ အန္တရာယ်ကင်းအောင် ပရိတ်ရွတ်ဖတ်ပူဇော်နေစဉ် / Photo CJ

စစ်ကောင်စီအဖွဲ့ဝင်တွေက မန္တလေး မစိုးရိမ်တိုက်သစ်မှာ ညပရိတ်ရွတ်နေတဲ့ သံဃာတော်တွေကို ဆဲဆို၊ ဖြိုခွင်း၊ ပစ်ခတ်တာတွေ မလုပ်ခဲ့ဘူးဆိုတဲ့ ဇွန်လ (၄) ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ရေးသားချက် ကို မစိုးရိမ်တိုက်သစ်၊ နာယကအဖွဲ့က ဒီကနေ့ ဇွန်လ ၇ ရက်နေ့မှာ ကြေညာချက်ထုတ်ပြီး ကန့်ကွက်လိုက် ပါတယ်။

ဇွန်လ(၁)ရက် ည ၈ နာရီကျော်လောက်က မန္တလေး မစိုးရိမ်တိုက်သစ်ကို စစ်သားတွေ ကားလေးစီးနဲ့ ရောက်လာပြီး ပရိတ်ရွတ်နေတဲ့ ဆရာတော်တွေကို ဖမ်းဆီးဖို့ ကြိုးစားခဲ့ပါတယ်။

အဲဒီလို ဖမ်းဆီးရာမှာ သံဃာတော်တွေကို ဆဲဆိုကြိမ်းမောင်းပြီး ၁၀ မိနစ်လောက် ပစ်ခတ်ခဲ့တာကြောင့် ဆရာတော်တစ်ပါး ဒဏ်ရာရခဲ့တယ်လို့လည်း မစိုးရိမ်တိုက်သစ် ဆရာတော်တွေရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး လူထုအကြား အတုအစစ် အငြင်းပွားနေတာကြောင့် RFA က မစိုးရိမ်တိုက်သစ် ဆရာတော်တစ်ပါးကို ဆယ်သွယ်လျှောက်ထားမေးမြန်းတဲ့အခါ ဆရာတော်တွေရဲ့ ထုတ်ပြန်ချက်က အစစ်ဖြစ် ကြောင်း၊ ဇွန်လ (၄)ရက်နေ့ထုတ် စစ်ကောင်စီသတင်းစာရဲ့ လိမ်ညာဖုန်းကွယ်မှုတွေကို ကန့်ကွက်ကြောင်း စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြနေတဲ့ လုံခြုံရေးအရ အမည်မဖေါ်လိုတဲ့ ဆရာတော်တစ်ပါးက ရှင်းပြ ပါတယ်။

ဆရာတော်တွေရဲ့ ဒီကနေ့ထုတ်ပြန်ချက်မှာ ရဲနဲ့စစ်သားတွေက သံဃာတော်တွေကို ဆဲဆိုခြိမ်းခြောက်တာတွေ ဟာ ဗုဒ္ဓသာသနာကို မလေးစားခြင်းနဲ့ တန်ဖိုးမထားတဲ့ အဓိပ္ပါယ်သက်ရောက်တာကြောင့် မစိုးရိမ်တိုက်သစ် အပေါ် အဂါရဝလုပ်ရပ်တွေကို ကန့်ကွက်ရှုတ်ချတယ်လို့ ရေးသားထားပါတယ်။

သံဃာတော်တွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး ပရိတ်ရွတ်တာတွေကို အရင်က ကျောင်းတိုက်ရှေ့မှာ ပြုလုပ်ခဲ့ပြီး၊ စစ်ကောင်စီက လာရောက်ဖြိုခွင်းတာတွေ ပြုလုပ်ခဲ့တဲ့အတွက် အခုအခါမှာတော့ ကျောင်းတိုက် အတွင်းမှာပဲ ပြုလုပ်နေကြတယ်လို့လည်း လုံခြုံရေးအရ အမည်မဖေါ်လိုတဲ့ ဆရာတော်က RFA ကို မိန့်ကြား သွားပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/masoeyein-say-sac-lie-06072021050533.html

စစ်ကောင်စီရဲ့ လိမ်ညာပြောဆိုချက် မစိုးရိမ်တိုက်သစ် သံဃာတော်တွေ ကန့်ကွက်  စစ်ကောင်စီရဲ့ လိမ်ညာပြောဆိုချက် မစိုးရိမ်တိုက်သစ် သံဃာတော်တွေ ကန့်ကွက် Reviewed by THITHTOOLWIN on 18:14 Rating: 5

No comments:

Powered by Blogger.