တာမွေမြို့ Salvation Army ဘုရားကျောင်းသို့စစ်ကောင်စီတွေအတင်းဝင်ရောက်



ရန်ကုန်၊ တာမွေမြို့နယ် ဗျိုင်းရေအိုးစင်ရပ်ကွက်မှာရှိတဲ့ Salvation Army ဘုရားကျောင်းသို့ စစ်ကောင်စီဝင်တွေက ဧည့်စာရင်းစစ်မယ်လို့ ဒီကနေ့ညပိုင်း ၈ နာရီ ကျော်ကျော်လောက်မှာ အတင်းဝင်သွားတယ်လို့သတင်းရရှိပါတယ်။

"ကယ်တင်ခြင်းတပ်တံခါးကိုမဖွင့်ပေးလို့ ကတ်တာနဲ့ဖြတ်ပြီးအထဲဝင်ဖို့ကြိုးစားနေတာ။ မိန်းကလေးတွေပဲရှိတယ်။ အဲ့ထဲမှာကသော့မဖွင့်ပေးလို့ကတ်တာနဲ့ဖြတ်ချတယ်။ အထဲ‌ ‌‌ရောက်ပြီးမိန်းကလေးဂေဟာထဲက မိန်းကလေးတွေကို ဆွဲခေါ်ထုတ်နေပါတယ်"လို့ ရပ်ကွက်နေပြည်သူတဦးကပြောပါတယ်။

မိန်းကလေးငယ်တွေကိုဖမ်းဆီးသွားခြင်းရှိမရှိကိုတော့ လက်ရှိအခြေအနေအထိမသိရသေးပါဘူး။


Zalen

https://www.facebook.com/zalen.info/

တာမွေမြို့ Salvation Army ဘုရားကျောင်းသို့စစ်ကောင်စီတွေအတင်းဝင်ရောက် တာမွေမြို့ Salvation Army ဘုရားကျောင်းသို့စစ်ကောင်စီတွေအတင်းဝင်ရောက် Reviewed by THITHTOOLWIN on 02:49 Rating: 5

No comments:

Powered by Blogger.