CDF-Hakha က စစ်ကောင်စီကို ရာဇသံပေးလိုက်ပြီ


သတိပေးထုတ်ပြန်ကြေညာချက်

ကြေညာချက် အမှတ် (၁/၂၀၂၁)

ရက်စွဲ။ ၂၀၂၁ခုနှစ်၊​ မေလ (၁) ရက်

ဟားခါးမြို့နယ်တွင် ပြည်သူများကိုမတရားဖိနှိပ်သည့် အကြမ်းဖက်စစ်ကောင်စီ၏ လုပ်ရပ်များကို ချက်ချင်းရပ်တန့် ပေးရန် CDF-Hakha အနေဖြင့် ဤထုတ်ပြန်ချက်ကို ထုတ်ပြန်ကြေညာသည်။

အာဏာလုစစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များကို ချက်ချင်းရပ်တန့်ရန်နှင့် ၂၀၂၁ခုနှစ်၊​ မေလ (၂) ရက်နေ့မှစ၍ ယဉ်ကျေးသိမ်မွေ့သည့် အကြမ်းမဖက်သောနည်းဖြင့်  ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်နေသော ပြည်သူလူထုနှင့် လူငယ်များကို မတ ရားဖိနှိပ်လိုက်လံဖမ်းဆီးမှုနှင့် စစ်လက်နက်များသုံးကာ ပစ်ခတ်နှိမ်နှင်းမှုများပြုပါကလည်းကောင်း၊ ၂၀၂၁ခုနှစ်၊​ မေလ (၂) ရက်နေ့အထိ မတရားဖမ်းဆီးထိန်းသိမ်းခြင်းခံထားရသူအားလုံးကို ညနေ(၄)နာရီအထိ ခြွင်းချက်မရှိ ပြန်လွှတ်ပေးခြင်းမရှိပါက လည်းကောင်း၊ အပြစ်မဲ့ပြည်သူများကို ကာကွယ်သည့်အနေဖြင့် CDF-Hakha သည်လိုအပ်သည့် စစ်ဆင်တိုက်ခိုက်ရေးများ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ကြိုတင်သတိပေးလိုက်သည်။

Chinland Defense Force

 ဟားခါးမြို့နယ်


Zalen

https://www.facebook.com/zalen.info/

CDF-Hakha က စစ်ကောင်စီကို ရာဇသံပေးလိုက်ပြီ CDF-Hakha က စစ်ကောင်စီကို ရာဇသံပေးလိုက်ပြီ Reviewed by THITHTOOLWIN on 02:46 Rating: 5

No comments:

Powered by Blogger.