ဗုံးကွဲ ဒဏ်ရာတွေ ဆေးကုနေတဲ့ MMA ကစားသမား ဖိုးသော်ကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ခေါ်သွားလို့ ဆို


ရန်ကုန်၊ မေ ၆၊ ၂၀၂၁

ကိုယ်ခံပညာ သိုင်းပေါင်းစုံ MMA fighter ကစားသမား ဖိုးသော် မနေ့ညက ရန်ကုန်မြို့ ကန်တော်ကြီး Utopia တာဝါအနီး ဗုံးပေါက်ကွဲမှုမှာ ထိခိုက်ဒဏ်ရာတွေ ရရှိလို့ မြောက်ဥက္ကလာ ဆေးရုံကို ပို့ဆောင် ကုသနေရာကနေ လုံခြုံရေး တပ်ဖွဲ့ဝင် တွေက စစ်ဆေးရုံကို ခေါ်ဆောင်သွားတယ်လို့ သတင်း ရရှိပါတယ်။

ONE Championship featherweight ကစားသမား အသက် ၃၆ နှစ်ရှိ ဖိုးသော် ရန်ကုန်မှာ ဗုံးကွဲမှုကြောင့် ဒဏ်ရာတွေ ပြင်းပြင်းထန်ထန် ရရှိလို့ မြောက် ဥက္ကလာပ ဆေးရုံကို ပို့ဆောင် ဆေးကုသမှု ခံယူနေရကြောင်း ASIAN MMA အဖွဲ့က လည်း မေလ ၆ ရက်နေ့ ရက်စွဲနဲ့ သတင်း ထုတ်ပြန်ထားတာတွေ့ရပါတယ်။

သူ့ကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ခေါ်ဆောင်သွားတာဟာ ဖမ်းဆီးလိုက်တဲ့ အခြေအနေ ဖြစ်ကြောင်း၊ ခွဲစိတ် ကုသမှု ပြုလုပ်ရပြီး အောက်စီဂျင် ပေးထားရတယ်လို့ သိရကြောင်း မိသားစုနဲ့ နီးစပ်သူ ၁ ဦးကလည်း ဘီဘီစီကို ပြောဆိုထား ပါတယ်။

ကိုဖိုးသော်ဟာ ဗုံးပေါက်ကွဲမှုကြောင့် ခန္ဓာကိုယ်အောက်ပိုင်းမှာ ပြင်းထန်တဲ့ ဒဏ်ရာတွေ ရရှိထားတယ်လို့လည်း သိရပါ တယ်။

အဲဒီ Utopia တာဝါမှာ ကိုဖိုးသော်က MMA သင်တန်းနဲ့ အားကစားခန်းမ (GYM) ဖွင့်ထားပြီး ကိုယ်တိုင် လေ့ကျင့်မှုများ ပြုလုပ်တယ်လို့လည်း ဆိုပါတယ်။



ဓာတ်ပုံ - ASIAN MMA ၊ အင်တာနက် စာမျက်နှာများ


Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ

https://www.facebook.com/GoldenTriangleRegionalNews

ဗုံးကွဲ ဒဏ်ရာတွေ ဆေးကုနေတဲ့ MMA ကစားသမား ဖိုးသော်ကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ခေါ်သွားလို့ ဆို ဗုံးကွဲ ဒဏ်ရာတွေ ဆေးကုနေတဲ့ MMA ကစားသမား ဖိုးသော်ကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ခေါ်သွားလို့ ဆို Reviewed by THITHTOOLWIN on 20:33 Rating: 5

No comments:

Powered by Blogger.