မူဆယ်မြို့ IELTS အင်္ဂလိပ်စာသင်တန်းကျောင်း ကို စစ်ကောင်စီမှ ဝင်ရောက်ဖျက်ဆီး


မေ ၁၇ရက် ၂၀၂၁

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် IELTS အင်္ဂလိပ်စာသင်တန်းကျောင်း  ကို စစ်ကောင်စီ အုပ်စု မှ ယမန်နေ့ ( မေ ၁၆)ရက် နေ့လည်ပိုင်းတွင် ဝင်ရောက်ဖျက်ဆီးသွားကြောင်း သတင်းရရှိသည်။

ယမန်နေ့ နေ့လည် (၁)နာရီ ကျော်တွင် စစ်ကောင်စီ ဝင်ရောက်ဖျက်ဆီးသွားသည့် IELTS  အင်္ဂလိပ်စာသင်တန်းကျောင်း မှ ဆရာသည် မူဆယ်မြို့ စစ်အာဏာဆန့်ကျင်ရေးတွင် ဦးဆောင်နေသည့်သူဖြစ်နေသည်ဟု သတင်းရရှိသဖြင့် ဝင်ရောက်ဖမ်းဆီးရာမှ လူမတွေ့သဖြင့် မူကြိုကျောင်းထဲရှိ ပစ္စည်းများကို ဖျက်ဆီးလိုက်ခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိသည့် မူဆယ်ဒေသခံ တဦး က သျှမ်းသံတော်ဆင့် ကို ပြောသည်။

ထိုစစ်ကောင်စီ ဖျက်ဆီးလိုက်သည့်ကျောင်းသည်  မူကြိုကျောင်း (Pre- School) ၊ KG (Kindergarden ) နှင့် အင်္ဂလိပ်စာသီးသန့် သင်တန်းကျောင်း တို့ ဖွင့်လှစ်ထားကြောင်း သိရသည်။

“ ဆရာကတော့ ရှောင်ထွက်သွားတာကြာပြီး။ အဲအိမ်ကသော့ခတ်ထားတယ်။ သော့ကိုဖျတ်ပြီးတော့ ဝင်သွားတယ်။ ပစ္စည်းတွေဖျတ်ဆီးတယ်။  ဘာတွေယူသွားလဲတော့မသိရဘူး။ ဆရာက အိမ်ငှားနေထားတာ။” ဟု မျက်မြင်တွေ့ရှိသူ က ဆိုသည်။

ထိုဖျက်ဆီးခံရသည့် မူကြိုကျောင်းသည် ဆရာကိုကိုသက် အမည်ဖြင့် ငှားရမ်း ဖွင့်လှစ်ထားပြီး၊ ထိုမူကြိုကျောင်း အပေါ်ထပ်တွင် ဆရာနေထိုင်ပြီး၊ အောက်ထပ်တွင် သင်တန်းကျောင်းတွဲဖွင့်ထားကြောင်း သိရသည်။

မူဆယ်မြို့ CDM ဝန်ထမ်းများကို ကူညီပေးနေသည့် သူများကိုလည်း စစ်ကောင်စီအုပ်စုက လိုက်လံ စုံစမ်းဖမ်းဆီးနေကြောင်း သိရသည်။

မူဆယ်မြို့တွင် စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြသူ (၃၀)ကျော် ကို စစ်ကောင်စီမှ ဖမ်းဆီးထားပြီး၊ ထိုထဲတွင် အသက်(၁၈)မပြည့်သေးသည့် လူငယ်များပါဝင်ကြောင်းသိရသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့မှ စစ်အာဏာသိမ်းပြီးနောက် မူဆယ်မြို့တွင် မကြာခဏ ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။ 

ထိုသို့ စစ်ကောင်စီမှ အကြမ်းဖက်နည်းဖြင့် ပြည်သူနေအိမ်ထိ ဝင်ရောက်ဖမ်းဆီးခြင်း၊ ပစ္စည်းခိုးယူ မူများကြောင့် ပြည်သူများမိမိ လုံခြုံရေးအတွက် အလွန်စိုးရိမ်းနေရကြောင်းသိရသည်။


SHAN News (Burmese Version) 

https://www.facebook.com/shannewsburmese

မူဆယ်မြို့ IELTS အင်္ဂလိပ်စာသင်တန်းကျောင်း ကို စစ်ကောင်စီမှ ဝင်ရောက်ဖျက်ဆီး မူဆယ်မြို့ IELTS အင်္ဂလိပ်စာသင်တန်းကျောင်း ကို စစ်ကောင်စီမှ ဝင်ရောက်ဖျက်ဆီး Reviewed by THITHTOOLWIN on 21:49 Rating: 5

No comments:

Powered by Blogger.