ဗန်းမော်တွင် စစ်ကောင်စီက ဆိုင်ကယ်အစီး ၂၀၀ထက်မနည်း ဖမ်းဆီးသိမ်းယူသွား။


May 8,2021/Kachin News Group

ဗန်းမော်မြို့တွင် အကြမ်းဖက်စစ်ကောင်စီက ဆိုင်ကယ်အရောင်းဆိုင်များတွင် အကြောင်းမဲ့ ဝင်ရောက်စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ဆိုင်ကယ်အရောင်းဆိုင် ၃ဆိုင်မှ သုံးဘီးကားအပါအဝင် ဆိုင်ကယ်အစီး ၂၀၀ထက်နည်းသိမ်းယူပေးသွားကြောင်း ဒေသခံများပြောဆိုချက်မှ သိရသည်။

မေလ ၇ရက်နေ့ ည ၁၀နာရီခန့်အချိန်တွင် မြို့တွင်း ဆိုင်ကယ်အရောင်းဆိုင်များတွင် ဝင်ရောက်စစ်ဆေးခဲ့ပြီးနောက် ဗန်မော်မြို့-အတွင်းရှိ သရဖူနှင့် ဂျူဗလီလမ်းထောင်ရှိ ချမ်းငြိမ်းအောင် ဆိုင်ကယ်ရောင်းဝယ်ရေး၏ အ.ထ.ကကျောင်းနောက်ဘက် ဂိုဒေါင်အတွင်းမှ စုစုပေါင်း အစီး ၂၀၀ထက်နည်း သိမ်းယူသွားရသည်ဟု မျက်မြင်သက်သေတစ်ဦးက ယခုလိုပြောဆိုသည်။

“ဆိုင်ကယ်အရောင်ဆိုင်တွေမှာဝင်စစ်ကြတယ်။ ပထမ KENBO SHOW ROOM တစ်ခုမှာအရင်လာစစ်တယ်။ တစ်ချို့ဆိုင်တွေက လိုင်စင်ဘီးတွေဘဲရောင်းတာရှိတယ်။ လိုင်စင်ဘီးတော့ ဖမ်းတယ်မကြားဘူး။ အခုဖမ်းဆီးသိမ်းယူတာက တရုတ်ဘီးတွေဖြစ်တယ်လို့သိရတယ်။ ချမ်းငြိမ်းအောင် အရောင်းဝယ်ဆိုင်မှာက ၄၈စီးပါသွားတယ်။ အဲ့မှာက သုံးဘီးပါ သိမ်းယူသွားတယ်” ဟုပြောဆိုသည်။

ဖမ်းဆီးသိမ်းယူသွားသည့် ဆိုင်ကယ်များကို စစ်ကောင်စီက တရားဝင် လိုင်စင်ဘီးအဖြစ် အားလုံးအခွန်ဆောင်ပြီးမှ ပြန်လည် အပ်နှံမည်ဖြစ်သည်ဟု စစ်ကောင်စီကပြောဆိုသွားကြောင်းသိရသည်။

ထိုနည်းတူ မြစ်ကြီးနားနား၊ မိုးညှင်းနှင့် မိုးကောင်းစ သော မြို့နယ်အသီသီးတွင်မှာလည်း တစ်ပြိုင်တည်း ဝင်ရောက်စစ်ဆေးမှု ပြုလုပ်ခဲ့ပြီး ဆိုင်ကယ် အသစ်၊ အဟောင်း သိမ်းယူသွားကြောင်းသိရသည်။


Kachin News Group 

https://www.facebook.com/theKachinNews

ဗန်းမော်တွင် စစ်ကောင်စီက ဆိုင်ကယ်အစီး ၂၀၀ထက်မနည်း ဖမ်းဆီးသိမ်းယူသွား။ ဗန်းမော်တွင် စစ်ကောင်စီက ဆိုင်ကယ်အစီး ၂၀၀ထက်မနည်း ဖမ်းဆီးသိမ်းယူသွား။ Reviewed by THITHTOOLWIN on 18:36 Rating: 5

No comments:

Powered by Blogger.