ယနေ့ မေလ ၈ရက်နေ့၌ Sur Khua တွင် စစ်ကောင်စီတပ်ဖွဲ့၏စခန်းနေရာကို CDF မှ သိမ်းပိုက်​ဟုထုတ်ပြန်


၂၀၂၁၊ မေလ ၈ရက်နေ့ မနက်ပိုင်းတွင် ဟားခါးမြို့နယ် Sur Khua မြို့ ၌ ‌စစ်သားနှင်ရဲများ စခန်းချထားသောနေရာကို Chin Defense Force (CDF) မှ ယနေ့မနက်တွင်သိမ်းပိုက်မီးရှို့ခဲ့ကြောင်းထုတ်ပြန်ထားပါသည်။ 

"ကျွန်တော်တို့သွားတဲ့ချိန်မှာတော့  သူတို့လက်နက်တွေ မရှိတော့ပါဘူး၊ သူတို့ကိုယ်တိုင်အကုန်လုံးသွားယူကြပြီ။ ဖြစ်ချင်တော့ သူတို့က CDF တွေလာမယ်ဆိုတာ အရင်သိတဲ့ သဘောရှိတယ်၊ သတင်းပေါက်မယ်ထင်တယ်။ ဒီမနက်‌ ၄ နာရီလောက်မှာ သူတို့ အကုန်ပျောက်သွားပြီ။ ကျွန်တော်တို့သွားတာကတော့ မနက် ၈ နာရီလောက်ဆိုတော့ ကြိုတင်ပြီးတော့ သူတို့က ၄ နာရီ စောသွားတယ်ဆိုတဲ့သဘောပေါ့။ " ဟု CDFအဖွဲ့၀င် ၁ ဦးက ယနေ့မနက်တိုက်ပွဲအခြေအနေကိုပြောပြပါသည်။


Chin World 

https://www.facebook.com/Chin-World-167011980026853/


ယနေ့ မေလ ၈ရက်နေ့၌ Sur Khua တွင် စစ်ကောင်စီတပ်ဖွဲ့၏စခန်းနေရာကို CDF မှ သိမ်းပိုက်​ဟုထုတ်ပြန် ယနေ့ မေလ ၈ရက်နေ့၌ Sur Khua တွင် စစ်ကောင်စီတပ်ဖွဲ့၏စခန်းနေရာကို CDF မှ သိမ်းပိုက်​ဟုထုတ်ပြန် Reviewed by THITHTOOLWIN on 18:32 Rating: 5

No comments:

Powered by Blogger.