မိုးမောက်မြို့နယ် သျှမ်းတောင်သူများ လယ်ယာရိတ်သိမ်းမှု မပြုရန် စစ်ကောင်စီမှ ခြိမ်းခြောက်



Share/Bookmark

မေ (၁၀)ရက် ၂၀၂၁

ကချင်ပြည် မိုးမောက်မြိုု့နယ် အတွင်း နေထိုင်သည့် သျှမ်းတောင်သူများ လယ်ယာ လုပ်ငန်းများသွားရောက် မလုပ်ကိုင်ရန် ခြိမ်းခြောက်နေကြောင်း  စုံစမ်းသိရသည်။

လက်ရှိ အချိန်ကာလသည် ကချင်ပြည်နေ သျှမ်းတောင်သူများသည် မြေပဲ၊ ပြောင်းဖူးများ ရိတ်သိမ်းချိန်ကာလဖြစ်ကြောင်း၊ တောင်သူများကို သွားရောက် ရိတ်သိမ်းမည်ဆိုပါက စစ်ကောင်စီ မှ သေနတ်ဖြင့် ပစ်သတ်မည် ဟု ခြိမ်းခြောက်နေ သဖြင့် ပြည်သူများ အခက်အခဲဖြစ်နေကြောင်း သိရသည်။

“ အခုက ရွာသားတွေ လယ်ထဲသွားလို့မရဘူး။ သူတို့မြေပဲတွေ၊ ပြောင်းဖူးတွေ သွားရိတ်သိမ်းလို့မရတော့ဘူး။ သွားရင်စစ်ကောင်စီမှ ပစ်မယ်လို့ပြောတယ်။ ပြည်သူတွေ ရှေ့ဆက်  စိုက်ပျိုးဖို့ အခက်ခဲတွေရှိလာနိုင်တယ်။” ဟု ကချင်ပြည် ရှမ်းတိုင်းရင်းများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD ) မှ စိုင်းကျော်သီဟ က သျှမ်းသံတော်ဆင့် ကိုပြောသည်။ 

မိုးမောက်မြိုနယ်ရှိ မြေပဲ၊ ပြောင်းဖူး စိုက်ပျိုးထားသည့် ဧက (၁၀၀၀)ကျော်ရိတ်သိမ်းခွင့်မရသေးသဖြင့် စားဝတ်နေရေး ခက်ခဲလာနိုင်ကြောင်းလည်း စိုင်းကျော်သီဟ က ပြောသည်။

“ အခုက အရမ်းကိုခက်ခဲနေပါတယ်။ ဧက (၁၀၀၀) ကျော်ကရှိတယ်။ အားလုံးက စားဝတ်နေရေးအတွက် လယ်ယာနဲ့ပဲ လုပ်ကိုင်စားသောက်နေကြတယ်။ အခုက စပါးသွားစိုက်လို့လဲ မရဘူး။ သူတို့ ကြိုးနီးတားထားတယ်” ဟု စိုင်းကျော်သီဟ က ထပ်လောင်းပြောသည်။

မိုးမောက်မြို့နယ် အတွင်း တွင် ကချင်လွတ်လပ်ရေး တပ်မတော် (KIA)  နှင့် စစ်ကောင်စီအုပ်စု စစ်ရေး ပြင်းထန်နေသည့် နေရာတခုဖြစ်ပြီး၊ စစ်ကောင်စီ အုပ်စုမှ လေကြောင်းလိုင်းဖြင့် ဗုံးကြဲမှုကြောင့် သျှမ်းရွာ အမြောက်အများပျက်စီးဆုံးရှုံးကာ အရပ်သား (၃) ဦး သေဆုံးခဲ့ရသည်။

ထိုနေရာသည် အများစုက သျှမ်းတိုင်းရင်းသားများနေထိုင်ပြီး ကျေးရွာပေါင်း ၉ ရွာလောက်က အခက်ခဲများ ကြုံတွေ့နေရသည်။

လက်ရှိအချိန်ထိ ကချင်ပြည်နယ် မိုးမောက်မြို့နယ်တွင် KIA  နှင့် အာဏာသိမ်းစစ်ကောင်စီတို့ တိုက်ပွဲဆက်လက် ပြင်ထန်းနေကြောင်းသိရသည်။


SHAN News (Burmese Version) 

https://www.facebook.com/shannewsburmese



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ