နမ္မတီးတွင် အကြမ်းဖက်စစ်တပ်၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေ၊ ၃ ဦးထိခိုက်ဒဏ်ရာရ


May 11, 2021/ Kachin News Group

နမ္မတီးမြို့တွင် အကြမ်းဖက်စစ်တပ်၏ ရမ်းသမ်းပစ်ခတ်မူကြောင့်သေဆုံးခဲ့ရသော ပြည်သူတစ်ဦးမှာ မြစ်ကြီးနား ကြာရာပတီး ရပ်ကွက်တွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။

အသက်(၂၂)အရွယ် လဂျူ ဂျာဂွန်းတန် ဆိုသောလူငယ်ဖြစ်ကာ နမ္မတီးတွင် အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး မေလ ၁၀ ရက်ည ၉နာရီဝန်းကျင်တွင် ပစ်သတ်ခံရခြင်းဖြစ်သည်။

"သေတဲ့သူရဲ့အလောင်းက မြစ်ကြီးနားကဆိုတော့ မြစ်ကြီးနားက သူတို့မိဘတွေကို အလောင်းလာထုတ်ယူဖို့ ပြောထားပြီလို့ သိရတယ်။ ရဲတွေနဲ့ညှိနိူင်းလို့ရလို့ ရင်ခွဲရုံကနေ ထုတ်ယူဖို့ ခွင့်ပြုချက်ရပြီလို့ သိရတယ်။" ဟု ဒေသခံတစ်ဦးကပြောသည်။

ယမန်ည ၈ နာရီဝန်းကျင်မှစကာ နမ္မတီးမြို့ ငွေမောင်းရပ်ကွက်နှင့် တံတားဦးရပ်ကွက်ပိုင်းတွင် စစ်တပ်က သေနတ်ပစ်ခတ်မှုများ ပြုလုပ်ခဲ့သောကြောင့် ပြည်သူ ၄ ဦးကျည်ထိမှန်ခဲ့သည့်အနက် တစ်ဦးသေဆုံးကာ  ၃ ဦးဒဏ်ရာရရှိခဲ့သည်။

အကြမ်းဖက်အာဏာသိမ်းစစ်တပ်သည် မိုးကောင်းမြို့တွင်လည်း မေလ ၉ ရက်ညက သေနတ် ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။


Kachin News Group 

https://www.facebook.com/theKachinNews

နမ္မတီးတွင် အကြမ်းဖက်စစ်တပ်၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေ၊ ၃ ဦးထိခိုက်ဒဏ်ရာရ နမ္မတီးတွင် အကြမ်းဖက်စစ်တပ်၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေ၊ ၃ ဦးထိခိုက်ဒဏ်ရာရ Reviewed by THITHTOOLWIN on 20:32 Rating: 5

No comments:

Powered by Blogger.