အောင်ဘာလေ ထီလက်မှတ်များ ဝယ်ယူရေး ဝန်ကြီးဌာနများသို့ အကြောင်းကြားမှုများ ရှိနေ




ဓာတ်ပုံ - အင်တာနက် စာမျက်နှာများ

ရန်ကုန်၊ မေ ၂၂၊ ၂၀၂၁

စီမံကိန်းနဲ့ ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်တွင်း အခွန်များ ဦးစီးဌာန အောင်ဘာလေ သိန်းဆု ဌာနခွဲက ကျပ် ၁၀၀၀ တန် အောင်ဘာလေ ထီလက်မှတ်များ ဝယ်ယူရေး ဝန်ကြီးဌာနများသို့ အကြောင်းကြားမှုများ ပြုလုပ်နေကြောင်း သတင်း ရရှိပါတယ်။

ပညာရေး ဝန်ကြီးဌာန အဆင့်မြင့်ပညာ ဦးစီးဌာန၊ စိုက်ပျိုးရေး မွေးမြူရေးနဲ့ ဆည်မြောင်း ဝန်ကြီးဌာနများဆီသို့ အောင်ဘာ လေ ထီလက်မှတ်များ ဝယ်ယူမှာကြားနိုင်ကြောင်း မေလ ၂၀ ရက်နေ့ ရက်စွဲနဲ့ အကြောင်းကြားစာများ လူမှုကွန်ရက် အွန်လိုင်း စာမျက်နှာများပေါ် ပျံ့နှံနေပြီး သတင်း မီဒီယာများမှာလည်း ဖော်ပြနေကြတာကို တွေ့ရှိရပါတယ်။ 

အဆိုပါ အကြောင်းကြားစာထဲမှာ ထီလက်မှတ်များ ဝယ်ယူ ကံစမ်းလိုပါက ကျပ် ၁၀၀၀ တန် ထီလက်မှတ် ၁၁ စောင်ပါ အုပ် ၁ အုပ်ကို ကျပ် ၁ သောင်းနှုန်းနဲ့ ရောင်းချပေးမှာ ဖြစ်ပြီး လစဉ် လဆန်း ၁ ရက်နေ့မှ ၂၁ ရက်နေ့ အတွင်း လိုအပ်တဲ့ အရေအတွက်ကို နေပြည်တော်ရှိ ပြည်တွင်း အခွန်များ ဦးစီးဌာန ရုံးသို့ အမှာစာ ပေးပို့မှာကြားနိုင်တယ် လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ မေလ ၁ ရက်နေ့က ဖွင့်လှစ်သွားတဲ့ ၂၆ ကြိမ်မြောက် အောင်ဘာလေ ထီဖွင့်ပွဲမှာတော့ ထီ အမြင့်ဆုံးဆုကို ကျပ် သိန်း ၅ ထောင် ဆုပဲ ချီးမြှင့်နိုင်မှာ ဖြစ်ကြောင်း ကြေညာ ဖွင့်လှစ်ခဲ့ပါတယ်။

အဲဒီ ၂၆ ကြိမ်မြောက် အောင်ဘာလေ သိမ်းဆု ဖွင့်ပွဲအတွက် ထီလက်မှတ်များကို “က” အက္ခရာမှ အစဉ်လိုက် “ကစျ” အထိ စုစုပေါင်း အက္ခရာ ၄၂ လုံးမှာ ထီ စာအုပ် ၂ သိန်းကျော် (၂၀၅၃၄၈ အုပ်) ရောင်းချခဲ့ရတယ် လို့လည်း ဆိုပါတယ်။

အဆိုပါ မေလ ၁ ရက်နေ့ ဖွင့်တဲ့ ၂၆ ကြိမ်မြောက် အောင်ဘာလေ ထီဖွင့်ပွဲဟာလည်း ဧပြီလ ၁ ရက်နေ့မှာ ဖွင့်ရမှာ ဖြစ်ပြီး မဖွင့်နိုင်တဲ့ အတွက် ရွှေ့ဆိုင်းလိုက်ရခြင်း ဖြစ်ကြောင်းလည်း သိရပါတယ်။ 


Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ

https://www.facebook.com/GoldenTriangleRegionalNews

အောင်ဘာလေ ထီလက်မှတ်များ ဝယ်ယူရေး ဝန်ကြီးဌာနများသို့ အကြောင်းကြားမှုများ ရှိနေ အောင်ဘာလေ ထီလက်မှတ်များ ဝယ်ယူရေး ဝန်ကြီးဌာနများသို့ အကြောင်းကြားမှုများ ရှိနေ Reviewed by THITHTOOLWIN on 21:15 Rating: 5

No comments:

Powered by Blogger.