မြန်မာနိုင်ငံ လက်ရှိ အခြေအနေမှာ ပညာရေးအတွက် အန္တရာယ်ရှိနိုင်ကြောင်း UNICEF ထုတ်ပြန်




ဓာတ္ပုံ - UNICEF Myanmar

ဘန်ကောက်၊ မေ ၂၂၊ ၂၀၂၁

မြန်မာ နိုင်ငံရဲ့ လက်ရှိ ကြုံတွေ့ ရင်ဆိုင်နေရတဲ့ အခြေအနေမှာ ပညာရေးအတွက် အန္တရာယ်ရှိနိုင်တဲ့ အခြေအနေ ဖြစ်ကြောင်း ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) က ထုတ်ပြန်လိုက်ပါတယ်။

ထုတ်ပြန်ချက်ထဲမှာ မြန်မာနိုင်ငံရှိ ကလေးသူငယ် နဲ့ လူငယ် ၁၂ သန်းကျော်ဟာ ပုံမှန် ပညာသင်ယူလေ့လာမှု အစီအစဉ် များကို လက်လှမ်း မီမှုမရှိခဲ့တာ ၁ နှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း၊ ပညာရေး၊ တစ်ကိုယ်ရည် ဖွံ့ဖြိုးတိုးတက်မှု၊ စိတ်ပိုင်း ဆိုင်ရာ လုံခြုံမှုနဲ့ အနာဂတ် အခွင့်အလမ်းများ အပေါ် သက်ရောက်မယ့် အကျိုးဆက်များမှာ အလွန်ကြီးမားပြီး ထပ်မံမြင့် တက်လာနိုင်ခြေ ရှိကြောင်း၊ အနွမ်းပါးဆုံးနဲ့ ဝေးလံခေါင်ဖျား ဒေသများမှ ကလေးသူငယ်များမှာ ပိုမို ထိခိုက်နိုင်ဖွယ် ရှိကြောင်း ပါရှိပါတယ်။

ကျောင်းသူ ကျောင်းသားများ၊ ဆရာ ဆရာမများ၊ ပညာရေးဝန်ထမ်းများ အနေနဲ့ ကလေးသူငယ်နဲ့ လူငယ်များရဲ့ ကိုယ်ပိုင် သတ်မှတ်ချက်များ အတိုင်း ဂုဏ်သိက္ခာရှိစွာ သင်ကြားခွင့်၊ သင်ယူခွင့် ရရှိဖို့လိုအပ်ပြီး လေးစားဖို့နဲ့ ဘေးကင်း လုံခြုံမှု ရှိဖို့ လည်း အလွန်အရေးကြီးကြောင်း၊ ပညာသင်ယူ လေ့လာတဲ့ နေရာများနဲ့ ပညာရေး ဝန်ထမ်းများအပေါ် တိုက်ခိုက်မှုများ အပြင် ပညာရေး ပရိဝုဏ်များ အတွင်း ဝင်ရောက် နေထိုင်ခြင်းတို့ဟာ လက်ခံနိုင်ဖွယ်မရှိကြောင်းလည်း ဆိုပါတယ်။

ကလေးသူငယ်များရဲ့ သင်ယူလေ့လာမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဘေးကင်းလုံခြုံစွာ ပြုမူလုပ်ပိုင်ခွင့် ရရှိသင့်တဲ့ အဆိုပါ နေရာများအပေါ် ပဋိပက္ခနဲ့ ဆူပူအုံကြွမှုများမှ ကာကွယ်ပေးရမှာ ဖြစ်ကြောင်း၊ ပညာသင်ယူ လေ့လာတဲ့ နေရာများကို အမြဲ တစေ ဘေးကင်းလုံခြုံစွာ ထားရှိနိုင်ရေးနဲ့ စဉ်ဆက်မပြတ် လေ့လာ သင်ယူနိုင်ရေးမှာ မြန်မာနိုင်ငံအတွက် ဦးစားပေး အချက် တစ်ခု ဖြစ်ကြောင်း၊ ဘေးကင်းလုံခြုံမှုရှိသော အရည်အသွေးမီ ပညာရေးကို သင်ယူလေ့လာခွင့် မရရှိခြင်းဟာ မြန်မာ နိုင်ငံရှိ မျိုးဆက်တစ်ခုလုံး သင်ကြားမှု သင်ယူမှု အခွင့်အလမ်းနဲ့ လွဲချော်မယ့် အနေအထား ဖြစ်လာစေဖို့ ခြိမ်းခြောက် နေကြောင်းလည်း UNICEF ရဲ့ ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အဆိုပါ မေလ ၂၀ ရက်နေ့က ထုတ်ပြန်ချက်ကို Save the Children, UNESCO, UNICEF တို့ ပူးတွဲ ထုတ်ပြန်ခြင်း ဖြစ်ကြောင်းလည်း UNICEF Myanmar ရဲ့ facebook စာမျက်နှာမှာ ဖော်ပြထားတာ တွေ့ရှိရပါတယ်။


Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ

https://www.facebook.com/GoldenTriangleRegionalNews

မြန်မာနိုင်ငံ လက်ရှိ အခြေအနေမှာ ပညာရေးအတွက် အန္တရာယ်ရှိနိုင်ကြောင်း UNICEF ထုတ်ပြန် မြန်မာနိုင်ငံ လက်ရှိ အခြေအနေမှာ ပညာရေးအတွက် အန္တရာယ်ရှိနိုင်ကြောင်း UNICEF ထုတ်ပြန် Reviewed by THITHTOOLWIN on 21:20 Rating: 5

No comments:

Powered by Blogger.