ပြည်သူရှိနေသရွေ့ ပါတီလည်းရှိမည် - ဒေါ်အောင်ဆန်းစုကြည်

ဒေါ်အောင်ဆန်းစုကြည် (မှတ်တမ်းဓါတ်ပုံ)

ဖမ်းဆီးခံထားရတဲ့ မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေရှိနေသမျှ ပါတီလည်းရှိနေမယ်လို့ ဒီကနေ့ရုံးထုတ်ချိန်မှာ ရှေ့နေကတဆင့် အမှာစကားပါးလာပါတယ်။ နေပြည်တော်ကောင်စီဝင်းထဲက အဆောက်အအုံတခုထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို နာရီဝက်ကြာတွေ့ခွင့်ရခဲ့ပြီး အမှုအကြောင်းဆွေးနွေးခွင့်ရခဲ့တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်ကပြောပါတယ်။

စွဲချက်ပုဒ်မ ၆ ခုကို နာရီဝက်နဲ့ ဆွေးနွေးခွင့်ပြုတာ အချိန်မလောက်တဲ့အတွက် နောက်တကြိမ်တွေ့ဆုံဆွေးနွေးခွင့်ပြုဖို့ တရားသူကြီးကို ပန်ကြားဖို့ ဒေါ်အောင်ဆန်းစုကြည်က ညွှန်ကြားခဲ့တယ်လို့လည်း ဦးခင်မောင်ဇော်ကပြောပါတယ်။ ပြည်သူတွေကျန်းမာဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က ဆုတောင်းမေတ္တာပို့သခဲ့တာပါ။

ဖေဖော်ဝါရီလကတည်းက စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားတဲ့ဒေါ်အောင်ဆန်းစုကြည်ကို အွန်လိုင်းကနေ ရုံးထုတ်နေတာဖြစ်ပြီး ဒီကနေ့မှာတော့ ရှေ့နေတွေနဲ့တွေ့ခွင်ပြုဖို့ ပမဆုံး လူကိုယ်တိုင်ရုံးထုတ်ခဲ့တာပါ။။

ကျန်းမာရေးကောင်းမွန်ပုံရတဲ့ဒေါ်အောင်ဆန်းစုကြည်က သတင်းစာဖတ်ခွင့်မရတဲ့အတွက် အပြင်ကအဖြစ်အပျက်တွေကို အနည်းအကျဉ်းလောက်သာသိတယ်လို့ တရားလွှတ်တော်ရှေ့နေဦးခင်မောင်ဇော်ကပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော်မှာ အမှု ၆ ခုနဲ့ရင်ဆိုင်နေရပြီး ရန်ကုန်မှာလည်း အမှုတခုနဲ့ တရားရင်ဆိုင်နေရတာဖြစ်ပါတယ်။ သမ္မတဦးဝင်းမြင့်လည်း သူ့ရှေ့နေနဲ့ တွွေ့ဆုံပြီး အမှုကိစ္စဆွေးနွေးခွင့်ရခဲ့တယ်လို့ ဦးခင်မောင်ဇော်ကပြောပါတယ်။ နောက်ရုံးချိန်းကိုတော့ ဇွန်လ ၇ ရက်နေ့သတ်မှတ်ထားပါတယ်။

ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ မဲမသမာမှုတွေကြောင့် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို ဖျက်သိမ်းသင့်မသင့် စဉ်းစားမယ်လို့ စစ်အုပ်ချုပ်ရေးကောင်စီက ခန့်အပ်ထားတဲ့ရွေးကောက်ပွဲကော်မရှင်ဥက္ကဌက ပြောထားပါတယ်။ လွတ်လပ်တဲ့ရွေးကောက်ပွဲလေ့လာစောင့်ကြည့်တဲ့အဖွဲ့တွေက ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ မဲရလဒ်ပြောင်းသွားရလောက်အောင် မဲမသမာမှုတွေ မရှိခဲ့ဘူးလို့ ထုတ်ပြန်ထားကြပါတယ်။ 


ဗွီအိုအေ (မြန်မာဌာန)

https://burmese.voanews.com/a/daw-aung-san-suu-kyi-meet-to-discuss-with-her-lawyer/5901972.html

ပြည်သူရှိနေသရွေ့ ပါတီလည်းရှိမည် - ဒေါ်အောင်ဆန်းစုကြည် ပြည်သူရှိနေသရွေ့ ပါတီလည်းရှိမည် - ဒေါ်အောင်ဆန်းစုကြည် Reviewed by THITHTOOLWIN on 23:30 Rating: 5

No comments:

Powered by Blogger.