မေလ ၂၁ ရက်တိုက်ပွဲတွင်စစ်ကောင်စီတပ်ဖွဲ့ဖက်မှ ၄ ဦးခန့်ကျဆုံးဟုထုတ်ပြန်


မနေ့ (21.5.21) က မင်းတပ်မြို့နယ် ဘူကွန်းရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ၄ ဦး၊ ၅ ဦးခန့်ကျဆုံးကြောင်း အလောင်းများကို လမ်းဘေးတွင်မြုပ်ထားသည်ဟု မျက်မြင်သက်သေများက ပြောကြောင်းမင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က၄င်းတို့လူမှုကွန်ရက်တွင်ကြေညာထားသည်။

စကစတပ်များသည် ဘူကုန်းရွာသို့ လာရောက်မတိုက်ခိုက်ခင် လမ်းခုလတ်ဖြစ်သော ပိန်ယောရွာတွင် မူးယစ်ဆေးဝါးများ၊ ဘိန်းဖြူများ အသုံးပြုပြီး လာရောက်တိုက်ခိုက်ခြင်းဖြစ်သည်။ မူးယစ်ဆေးအသုံးပြုစဥ် အသုံးပြုသော ဆေးထိုးအပ်များ၊ ဆေးခြောက်များ၊ လက်နက်ကြီးဗုံးခွံများ တွေ့ရကြောင်းထုတ်ပြန်ကြေညာထားသည်။


Chin World 

https://www.facebook.com/Chin-World-167011980026853


မေလ ၂၁ ရက်တိုက်ပွဲတွင်စစ်ကောင်စီတပ်ဖွဲ့ဖက်မှ ၄ ဦးခန့်ကျဆုံးဟုထုတ်ပြန် မေလ ၂၁ ရက်တိုက်ပွဲတွင်စစ်ကောင်စီတပ်ဖွဲ့ဖက်မှ ၄ ဦးခန့်ကျဆုံးဟုထုတ်ပြန် Reviewed by THITHTOOLWIN on 20:52 Rating: 5

No comments:

Powered by Blogger.