စစ်ကိုင်းတိုင်းက စစ်​ကောင်စီစခန်း နှစ်ခုကို ကေအိုင်​အေ မီးရှို့ဖျက်ဆီး





May 22 - Kachinwaves 

စစ်ကိုင်းတိုင်းခန္တီးတွင် ယနေ့နံနက် ၄နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်များရှိသည့် နေရာနှစ်ခုကို ကေအိုင်အေမှ တိုက်ခိုက်ကာ မီးရိူ့ပေးလိုက်ကြောင်း သတင်းရရှိသည်။ 

မကျန်ခကျေးရွာ ရဲကင်းတပ်စခန်းနှင့် နမ့်စီဘွမ်ကျေးရွာရှိ  ရဲကင်းတပ်စခန်းတို့ကို ကေအိုင်အေမှ မီးရှို့ဖျက်ဆီးပေးလိုက်ပြီးနောက် စစ်ကောင်စီလက်နက်တပ်များမှ လေယာဥ်များဖြင့် လာရောက် ပစ်ခတ်ခဲ့ကြောင်း ​ကေအိုင်​အေ အရာရှိတစ်ဦးက ပြောသည်။

"စစ်တပ်နဲ့ ရဲတွေ ပေါင်းနေတဲ့ နေရာပေါ့ ဟိုဘက်တောင် ဒီဘက်တောင်ပေါ့ နှစ်နေရာစလုံး မီးရှို့ပေးလိုက်တာပေါ့ သူတို့ ထွက်ပြေးသွားတယ်။ သူတို့ ထွက်ပြေးပြီးနောက်မှာ လေယာဥ်လေးစီးနဲ့ လာပစ်တယ်။ အခု​တော့ ​ကေအိုင်​အေ ဘက်ကလည်း ပြန်သွားပြီ။"ဟု ​ကေအိုင်​အေ အရာရှိတစ်ဦးက ပြောသည်။ 

စစ်ကောင်စီလက်နက်ကိုင်တပ်များ ရှိနေသည့်နေရာသည် စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီ​နေရာဖြစ်ပြီး ၎င်းကုမ္ပဏီ​နေရာအတွင်း ​ရောက်ရှိနေထိုင်နေသည့်အချိန် ကေအိုင်အေမှ ဖျက်ဆီးပေးခဲ့ခြင်းဖြစ်သည်။


Kachinwaves 

https://www.facebook.com/kachinwavesnews/

စစ်ကိုင်းတိုင်းက စစ်​ကောင်စီစခန်း နှစ်ခုကို ကေအိုင်​အေ မီးရှို့ဖျက်ဆီး စစ်ကိုင်းတိုင်းက စစ်​ကောင်စီစခန်း နှစ်ခုကို ကေအိုင်​အေ မီးရှို့ဖျက်ဆီး Reviewed by THITHTOOLWIN on 20:51 Rating: 5

No comments:

Powered by Blogger.