စစ်သားအင်အား ၅၀ခန့်ပါသည့် လေယာဉ် ၂ စီးဆင်းသက်



ဗန်းမော်မြို့လေယာဉ်ကွင်းတွင် မေလ ၁၇ရက်နေ့ ယနေ့ညနေ ၅နာရီဝန်းကျင် စစ်သားများပါဝင်သည့် လေယာဉ် ၂စီး ဆင်းသက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

"အဲလေယာဥ် ၂စီးဆင်းလာတာ ခန့်မှန်းသလောက် စစ်သား ၅၀ ဝန်းကျင်ရှိနိုင်တယ်"ဆိုပြီး ‌ဗန်းမော်ဒေသခံတစ်ဦးကပြောသည်။

အဆိုပါလေယာ‌ဉ် ဆင်းသက်ရာတွင် တစ်စီးလျှင် နာရီဝက်ခန့်ကွာကာ ဆင်းသက်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊မိုးမောက်မြို့နယ်အတွင်း တိုက်ပွဲပြင်းထန်လာသည်မှာ တစ်လကျော်ကြာမြင့်လာပြီး စစ်ကောင်စီဘက်မှရေကြောင်း၊ကုန်းကြောင်း၊လေကြောင်း အသုံးပြုကာ စစ်အင်အား ပိုမိုဖြည့်လာကြသည်။


Kachin News Group 

https://www.facebook.com/theKachinNews

စစ်သားအင်အား ၅၀ခန့်ပါသည့် လေယာဉ် ၂ စီးဆင်းသက် စစ်သားအင်အား ၅၀ခန့်ပါသည့်  လေယာဉ် ၂ စီးဆင်းသက် Reviewed by THITHTOOLWIN on 21:54 Rating: 5

No comments:

Powered by Blogger.