Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ



ရန်ကုန်၊ မေ ၁၇၊ ၂၀၂၁

ရွှေစျေးနှုန်းများ တည်ငြိမ်ရေး အတွက် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်း (YGEA) အနေနဲ့ အထူး စုံစမ်း စစ်ဆေးရေး ဦးစီးဌာန (စစစ) ရဲ့ လမ်းညွှန်မှုနဲ့ ဆောင်ရွက်နေကြောင်း မေလ ၁၆ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။

လစဉ် အလုပ်အမှုဆောင် အစည်းအဝေးများ၊ လိုအပ်ပါက လပတ် အထူး အစည်းအဝေးများ ကျင်းပကာ ရွှေစျေးနှုန်း တည်ငြိမ်စေရေး ဆောင်ရွက်လျက် ရှိတယ်လို့လည်း YGEA ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ရန်ကုန်တိုင်း ဒေသကြီး ရွှေ လုပ်ငန်းရှင်များ အသင်း (YGEA) ပန်ကြားလွှာ အနေနဲ့ ဖော်ပြထားတာ တွေ့ရှိရပါတယ်။

အဲဒီလို ဆောင်ရွက်နေစဉ် ကာလအတွင်း လူမှုကွန်ရက် စာမျက်နှာ Facebook စာမျက်နှာများပေါ်မှာ အတည် မပြုနိုင်တဲ့ သတင်း အချက်အလက်များ ကိုးကားပြီး မိမိ သဘောဆန္ဒအလျောက် အသင်း ပုံရိပ် ကျဆင်းစေဖို့၊ မမှန်ကန်တဲ့ အချက် အလက်များ ရေးသားကာ လူမှုကွန်ရက်မှ တဆင့် Post တင် ဖြန့်ချိသူများ ရှိနေကြောင်း၊ အဆိုပါ ကိစ္စများအား အသင်းက ကန့်ကွက်ကြောင်း၊ ပြဿနာတစုံတရာ ဖြစ်ပေါ်လာပါကလည်း ရေးသားသူရဲ့ တာဝန်သာ ဖြစ်ကြောင်း အသိပေး အကြောင်း ကြားတယ်လို့လည်း ပန်ကြားလွှာမှာ ဆိုထားပါတယ်။

မေလ ၁၇ ရက်နေ့ နေ့လယ်ပိုင်း ၁ နာရီ ၁၅ မိနစ်ခန့်မှာ အကယ်ဒမီ မီးလင်းရွှေဈေး ၁၅ သိန်း ၈ သောင်း ၅ ထောင် ကျပ် (၁၅ ၈၅၀၀၀ ကျပ်) ရှိပြီး ကမ္ဘာ့ ရွှေဈေး (World Gold Price) ၁ အောင်စကို အမေရိကန် ဒေါ်လာ ၁၈၅၃ ဒေါ်လာ ဖြစ်ကြောင်း၊ အမေရိကန် ဒေါ်လာ နဲ့ မြန်မာ ကျပ်ငွေ လဲလှယ်နှုန်းမှာ ၁ ဒေါ်လာ ၁၆၇၅ ကျပ် (KBZ bank အရောင်း) ဖြစ်ကြောင်းလည်း YGEA က ဖော်ပြထားပါတယ်။


Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ

https://www.facebook.com/GoldenTriangleRegionalNews

Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ  Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ Reviewed by THITHTOOLWIN on 21:53 Rating: 5

No comments:

Powered by Blogger.