စစ်​ကောင်စီ ပစ်သည့် လက်နက်ကြီး​ကြောင့် မိုးမောက်မြို့နယ် မြို့သစ် ကျေးရွာ ​နေအိမ်များ မီး​လောင်မှုဖြစ်ပွား​နေ



May 21 - Kachinwaves

စစ်​ကောင်စီလက်နက်ကိုင်​တွေ  ပစ်သည့် လက်နက်ကြီး​ကြောင့် မိုးမောက်မြို့နယ် မြို့သစ်ကျေးရွာမှာ လက်ရှိချိန်(8:00 pm) မီး​လောင်မှုဖြစ်ပွား​နေ​ကြောင်း သတင်းရရှိသည်။ 

ရပ်တော်မူဘုရားသွားသည့်လမ်း ကချင်များသည့်နေရာတွင်ဖြစ်​ကြောင်းလည်း သိရသည်။ 

"လက်နက်ကြီး ကျပြီး မီးလောင်တာတွေ့တာပဲ။ လက်နက် အသေးပစ်တာ မရှိပဲ လက်နက်ကြီးပဲ စပစ်လာတာ။ ပြီးမှ အသေးအနည်းငယ်ပစ်တယ်"ဟု  ​ဒေသခံ တစ်ဦးကဆိုသည်။ 

ထိုမြို့သစ်​ကျေးရွာနားတွင် စစ်​ကောင်စီလက်နက်ကိုင်​များနှင့် ကေအိုင်​အေတို့ မကြာခဏ တိုက်ပွဲဖြစ်ပွားလျှက်ရှိသည့်​နေရာဖြစ်သည်။


Kachinwaves 

https://www.facebook.com/kachinwavesnews/

စစ်​ကောင်စီ ပစ်သည့် လက်နက်ကြီး​ကြောင့် မိုးမောက်မြို့နယ် မြို့သစ် ကျေးရွာ ​နေအိမ်များ မီး​လောင်မှုဖြစ်ပွား​နေ စစ်​ကောင်စီ ပစ်သည့် လက်နက်ကြီး​ကြောင့် မိုးမောက်မြို့နယ် မြို့သစ် ကျေးရွာ ​နေအိမ်များ  မီး​လောင်မှုဖြစ်ပွား​နေ Reviewed by THITHTOOLWIN on 21:11 Rating: 5

No comments:

Powered by Blogger.