ပတ်စ်ပို့စ်ရုံးပြန်စဖွင့်တဲ့နေ့ လာလျှောက်သူ ရာချီရှိ


စစ်တပ်ကအာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက ပိတ်ထားတဲ့ ရန်ကုန်မြို့ က နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးကို ဒီကနေ့ မေလ ၁၃ ရက်မှာပြန်ဖွင့်လှစ်လိုက်ရာမှာ လာလျှောက်သူ ရာနဲ့ချီရှိတယ်လို့ သွားရောက်လျှောက်ထားသူတွေက ပြောပါတယ်။

 လာလျှောက်သူတွေများလွန်းလို့ ရုံးဖွင့်ချိန်မနက် ၉ နာရီ မှရောက်လာတဲ့ သူတွေတောင် ရုံးထဲဝင်ခွင့်မရဘဲ ပြန်လာခဲ့ကြရပါတယ်။ “လျှောက်ပြီးပြန်ထွက်လာတဲ့သူတွေက အထဲမှာလည်းလူတွေ ကျပ်ညပ်နေတာပဲလို့ပြောတယ်။ ဒါပေမဲ့ နှစ်နာရီကျော်လောက်ထပ်စောင့်လိုက်သေးတယ်။ 

ဝင်မရတော့မှ ပြန်လာခဲ့တာ” သက်တမ်းသွားတိုးတဲ့အမျိုးသမီးတစ်ဦးက ဘီဘီစီကို ပြောပါတယ်။ နိုင်ငံကူးလက်မှတ်လျှောက်ထားလိုသူတွေအနေနဲ့ နိုင်ငံသားစိစစ်ရေးကတ် မူရင်းနဲ့ မိတ္တူ၊အိမ်ထောင်စုစာရင်းမူရင်းနဲ့မိတ္တူ လိုအပ်မှာဖြစ်ပါတယ်။ ကိုယ်တိုင်သွားရောက်လျှောက်ထားရမှာဖြစ်ပြီး ဆယ်ရက်အကြာမှာ နိုင်ငံကူးလက်မှတ်ထုတ်ပေးတာဖြစ်ပါတယ်။ 

လက်ရှိမှာ CDM မှာပါဝင်နေတဲ့ ဆရာဝန်တွေရဲ့ နိုင်ငံကူးလက်မှတ်တွေကို ရုပ်သိမ်းကြောင်း စစ်ကောင်စီကကြေညာထားသလို ပြည်ပကို ထွက်ခွာတဲ့ မြန်မာနိုင်ငံသားတွေထဲက တချို့ကိုလည်း လေဆိပ်ကမထွက်ခွာခင်မှာ တင်းကျပ်စွာစစ်ဆေးပြီး ထိန်းသိမ်းတာ၊ ခေါ်ယူမေးမြန်းတာတွေလည်း ပြုလုပ်နေပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-57072578

ပတ်စ်ပို့စ်ရုံးပြန်စဖွင့်တဲ့နေ့ လာလျှောက်သူ ရာချီရှိ  ပတ်စ်ပို့စ်ရုံးပြန်စဖွင့်တဲ့နေ့ လာလျှောက်သူ ရာချီရှိ Reviewed by THITHTOOLWIN on 20:43 Rating: 5

No comments:

Powered by Blogger.