မိုးမောက်မြို့နယ်ထွေအုပ်ရုံး ဗုံးပေါက်ကွဲ ဝန်ထမ်း (၄)ဦး ဒဏ်ရာရ


မေ ၁၄ရက် ၂၀၂၁

ကချင်ပြည် မိုးမောက်မြို့နယ်  အထွေထွေအုပ်ချုပ်ရေးရုံးအတွင်း ဗုံး ပေါက်ကွဲမှုဖြစ်သဖြင့် ဝန်ထမ်း (၄) ဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ယနေ့ မေ (၁၄) ရက် မနက် ၁၁ ခန့်တွင် မြို့နယ်ထွေအုပ်ရုံးတွင်း  မြို့နယ်စစ်ကောင်စီ နှင့် ရပ်ကျေး အုပ်ချုုပ်ရေးမှူးများ အစည်းဝေးပြီးချင်း၊ အစည်းအဝေး တက်ရောက်သူများ ခန်းမအပြင်ရောက်ရောက်ချင်း ဗုံးပေါက်သဖြင့် ဝန်ထမ်း (၄) ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း မိုးမောက်ဒေသခံ အမျိုးသားတတစ်ဦး ကပြောသည်။

“ရပ်ကျေးအုပ်ချုပ်ရေးမှူးများနဲ့ မြို့နယ် ဌာနဆိုင်ရာ ဝန်ထမ်းပေါင်း (၉၀) လောက်ရှိမယ်။ လဝက်အစည်းအဝေး နဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး ခိုင်မင်းကို လှိုင်သာယာပြောင်းရွှေ့ဖို့ နှုတ်ဆက်ပွဲ လုပ်ကြတယ်။” ဟု ၎င်းအမျိုးသား  ကပြောသည်။

အဆိုပါ ဝန်ထမ်း (၄) ဦးသည် အမျိုးသား (၁) ဦး နှင့် အမျိုးသမီး (၃) ဦးတို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး မစိုးရိမ်ရကြောင်း သိရသည်။

ဗုံးပေါက်ကွဲမှုဖြစ်ပွားထားသော်လည်း ရုံးဝန်ထမ်းများမှာ ရုံးတွင်း ဆက်လက် အလုပ်လုပ်ကိုင်နေဆဲ ဖြစ်သည်ကြောင်း သိရသည်။

စစ်ကောင်စီမှ နိုင်ငံတော် အာဏာကို သိမ်းပြီး ရက်ပေါင်း (၁၀၀) နောက်ပိုင်း အုပ်ချုပ်ရေးမှူးရုံးများ၊ တက္ကသိုလ်များ၊ ရဲစခန်းများ၊ မကြာခဏာ ဗုံးပေါက်ကွဲသည့် ဖြစ်စဉ်ရှိသည်။

မိုးမောက်မြို့နယ်တွင် စစ်ကောင်စီ နှင့် ကချင်တပ်မတော် (KIA) တို့တိုက်ပွဲကြောင့် စစ်ဘေးရှောင်များ ၅၀၀၀ နီးပါးရှိလာကြောင်း သိရသည်။


SHAN News (Burmese Version) 

https://www.facebook.com/shannewsburmese

မိုးမောက်မြို့နယ်ထွေအုပ်ရုံး ဗုံးပေါက်ကွဲ ဝန်ထမ်း (၄)ဦး ဒဏ်ရာရ မိုးမောက်မြို့နယ်ထွေအုပ်ရုံး ဗုံးပေါက်ကွဲ ဝန်ထမ်း (၄)ဦး ဒဏ်ရာရ Reviewed by THITHTOOLWIN on 20:51 Rating: 5

No comments:

Powered by Blogger.