မီးဖြတ် မခံရဖို့ မီတာဆောင်ရေး အသိပေးနှိုးဆော်ချက် ထုတ်ပြန်


နေပြည်တော်၊ မေ ၁၄၊ ၂၀၂၁

သုံးစွဲထားတဲ့ လျှပ်စစ် ဓာတ်အားခ ကျသင့်ငွေကို သတ်မှတ်ရက်များအတိုင်း ပေးဆောင်ခြင်း မရှိပါက လျှပ်စစ် ဥပဒေအရ လျှပ်စစ်ဓာတ်အား ဖြတ်တောက် အရေးယူခြင်း မခံရစေဖို့ စေတနာနဲ့ အသိပေး နှိုးဆော်ကြောင်း လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဌာနက မေလ ၁၃ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ပါတယ်။

ဓာတ်အားခ ပေးဆောင်ရာမှာ Mobile Banking နဲ့ ပေးဆောင်နိုင်ကြောင်းလည်း ဖော်ပြထားပါတယ်။

လျှပ်စစ်ဓာတ်အား သုံးစွဲသူ မိဘပြည်သူများထံမှ ရရှိတဲ့ ဓာတ်အားခများနဲ့ ပြည်သူများ လိုလားတဲ့ တည်ငြိမ် ပြည့်ဝ လုံလောက်တဲ့ လျှပ်စစ်ဓာတ်အားတွေကို နိုင်ငံပိုင် စက်ရုံများက ထုတ်လုပ်ရသလို ပုဂ္ဂလိကပိုင် စက်ရုံများကလည်း ဝယ်ယူ ဖြန့်ဖြူးပေးနေရတဲ့ အတွက် သုံးစွဲထားတဲ့ လျှပ်စစ်ဓာတ်အားခများ ပေးသွင်းမှသာ စဉ်ဆက်မပြတ် ဓာတ်အားထုတ်လုပ် ဝယ်ယူ ဖြန့်ဖြူးနိုင်မှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။


Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ

https://www.facebook.com/GoldenTriangleRegionalNews

မီးဖြတ် မခံရဖို့ မီတာဆောင်ရေး အသိပေးနှိုးဆော်ချက် ထုတ်ပြန် မီးဖြတ် မခံရဖို့ မီတာဆောင်ရေး အသိပေးနှိုးဆော်ချက် ထုတ်ပြန် Reviewed by THITHTOOLWIN on 21:20 Rating: 5

No comments:

Powered by Blogger.