မြန်မာကို လက်နက်ရောင်းချမှု ပိတ်ပင်ဖို့ လုံခြုံရေးကောင်စီကို နိုင်ငံတကာအဖွဲ့အစည်း ၂၀၀ ကျော် တိုက်တွန်း

မှတ်တမ်းဓါတ်ပုံ ဖေဖော်ဝါရီ ၁၉ ရက်နေ့က ဆန္ဒပြပွဲအတွင်းတွေ့ရတဲ့ လုံခြုံရေး ရဲတပ်သားတဦး

ကုလသမဂ္ဂလုံခြုံရေကောင်စီအနေနဲ့ မြန်မာနိုင်ငံအပေါ် ကမ္ဘာလုံးဆိုင်ရာ လက်နက်ရောင်းချမှုပိတ်ပင်တဲ့ ဆုံးဖြတ်ချက်ကို ချက်ချင်းပြဌာန်းဖို့ ကမ္ဘာ့အဖွဲ့အစည်းပေါင်း ၂၀၀ ကျော်က ဗုဒ္ဓဟူးနေ့က တောင်းဆိုလိုက်ပါတယ်။

လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေစီကို အဖွဲ့ပေါင်း ၂၀၀ ကျော်က public appeal ပြည်သူ့အသံအဖြစ်ပန်ကြားရာမှာ- ဖေဖေါ်ဝါရီလ ၁ရက်နေ့ အာဏာသိမ်မှုနဲ့ စစ်တပ်အုပ်ချုပ်မှုကို ဆန့်ကျင်ဆန္ဒပြသူတွေအပေါ် အကြမ်းဖက်ဖိနှိပ်မှုတွေကို ရပ်တန့်အောင် စစ်ကောင်စီကို ဖိအားပေးဖို့ လုံခြုံရေးကောင်စီအနေနဲ့ အမြန်ဆုံးလုပ်ဆောင်သင့်တယ်လို့ ဖေါ်ပြထားပါတယ်။

မြန်မာစစ်အုပ်စုအပေါ် လက်နက်ရောင်းချမှုကို ပိတ်ပင်ဖို့နဲ့ ပတ်သက်လို့ လုံခြုံရေးကောင်စီမှာ ဆွေးနွေးဖို့ပျက်ကွက်တာဟာ မြန်မာပြည်သူတွေအပေါ်မှာရှိနေတဲ့ သူရဲ့တာဝန်ဝတ္တရားတွေကို တကယ့်ကို ဆိုးဆိုးရွားရွား လျစ်လျူပြုတာပဲဖြစ်တယ်လို့ အဖွဲ့ပေါင်း ၂၀၀ ကျော်ထဲမှာ ပါဝင်တဲ့ နယူးရောက် အခြေစိုက် HRW ကုလသမဂ္ဂရေးရာ ညွန်ကြားရေးမှူး Louis Charbonneau ကပြောကြားခဲ့ကြောင်း ဖေါ်ပြထားပါတယ်။

ငြိမ်းချမ်းစွာဆန္ဒပြသူတွေအပေါ် စစ်တပ်ရဲ့ အကြမ်းဖက်ဖိနှိပ်မှုတွေနဲ့ ပတ်သက်လို့ လုံခြုံရေးကောင်စီရဲ့ ရံဖန်ရံခါ စိုးရိမ်ပူပန်ကြောင်းထုတ်ပြန်ချက်တွေဟာ သံတမန်ရေးသက်သက်သာဖြစ်ပြီးတော့ ပြသနာတွေကိုဒီအတိုင်းထားပြီး ထွက်သွားကြတာဖြစ်တယ်လို့လည်း Mr. Charbonneau ကပြောပါတယ်။

မြန်မာ့အရေး မူကြမ်းရေးသားတဲ့ ဗြိတိန်နိုင်ငံအနေနဲ့ လက်နက်တင်ပို့မှုပိတ်ပင်တဲ့ ဆုံးဖြတ်ချက်မူကြမ်းအတွက် လုံခြုံရေးကောင်စီမှာ ညှိုနှိုင်းဆွေးနွေးမှုတွေကို ဦးဆောင်ပြီး ချက်ချင်းလုပ်ဆောင်သင့်တယ်လို့ အဖွဲ့ဝင် ၂၀၀ ကျော်ပူးတွဲထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ ဒါပေမယ့် ဗြိတိန်ဘက်ကတော့ အဲဒီလိုလုပ်ဖို့ တွန့်ဆုတ်နေပါတယ်။ တရုတ်၊ ရုရှားနဲ့ အခြားအဖွဲ့ဝင်တွေက အရင်တုန်းဆန့်ကျင်ထားတဲ့ အချက်တွေပါနေတဲ့ ဆုံးဖြတ်ချက်ကိုပဲ အားလုံးထာက်ခံ သဘောတူညီမှုနဲ့ ထုတ်တဲ့ ကြေညာချက်တွေဖြစ်အောင်ပဲ ဗြိတိန်က ဦး စားပေးဆောင်ရွက်နေတာဖြစ်တယ်လို့လည်း HRW ကပြောပါတယ်။

အာဏာသိမ်းခဲ့ပြီး ရက်ပေါင်း ၉ ၀ကျော်အတွင်း သတင်းသမားတွေ၊ ဆရာဝန်တွေ၊ ဆရာ၊ ဆရာမတွေ၊ ကျောင်းသူ၊ ကျောင်းသားတွေအပါအဝင် လူပေါင်း ၃၆၀၀ ကျော် ကို စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းခဲ့သလို၊ ပစ်ခတ်ဖြိုခွဲမှုတွေကြောင့် ကလေးငယ်တွေအပါအဝင် လူပေါင်း ၇၆၀ ကျော်သေဆုံးခဲ့ပြီဖြစ်ကြောင်းနဲ့ လူတွေ ရာနဲ့ချီပြီး ပျောက်ဆုံးမှုတွေရှိနေတယ်လို့ HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/un-security-council-to-adopt-armed-ambargo-on-myanmar-/5879586.html

မြန်မာကို လက်နက်ရောင်းချမှု ပိတ်ပင်ဖို့ လုံခြုံရေးကောင်စီကို နိုင်ငံတကာအဖွဲ့အစည်း ၂၀၀ ကျော် တိုက်တွန်း မြန်မာကို လက်နက်ရောင်းချမှု ပိတ်ပင်ဖို့ လုံခြုံရေးကောင်စီကို နိုင်ငံတကာအဖွဲ့အစည်း ၂၀၀ ကျော် တိုက်တွန်း Reviewed by THITHTOOLWIN on 07:50 Rating: 5

No comments:

Powered by Blogger.