ကိုဗစ်ကာကွယ်ဆေး လာထိုးရင်း မန္တလေးမှာ နှစ်ဦးပစ်ခတ်ခံရ၊ တစ်ဦးသေဆုံး

ကိုဗစ်ကာကွယ်ဆေး လာထိုးရင်း မန္တလေးမှာ နှစ်ဦးပစ်ခတ်ခံရ၊ တစ်ဦးသေဆုံး ကိုဗစ်ကာကွယ်ဆေး ထိုးနှံခံနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်တဦး။ Photo: AFP

မန္တလေး၊ အောင်မြေသာစံမြို့နယ်ထဲက အလုပ်သမားဆေးရုံကြီးကနေ ကိုဗစ်ကာကွယ်ဆေးထိုးပြီး ပြန်လာတဲ့ မြန်မာနိုင်ငံဖွား တရုတ်လူမျိုး ၂ ဦးကို စစ်ကောင်စီက ပစ်ခတ်လိုက်လို့ သေနတ်ကျည်ထိမှန်ပြီး တစ်ယောက် သေဆုံးသွားတယ်လို့ မျက်မြင်တွေ့သူတွေက RFA ကိုပြောပါတယ်။

သူတို့နှစ်ယောက်ဟာ ကိုဗစ်ဆေးထိုးပြီး ဆေးရုံကဆိုင်ကယ်နဲ့ ပြန်ဖို့ လုပ်နေတဲ့အချိန်မှာ အပစ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

"ဆိုင်ကယ်သမားတစ်ယောက်က လက်သုံးချောင်းထောင်ပြီး ဖြတ်သွားတာကို စစ်တပ်က သေနတ်နဲ့ လေးချက် ပစ်လိုက်တာ။ အဲ့ဒါနဲ့ ဆေးထိုးပြီးပြန်မယ့် ကောင်လေးနဲ့ ကောင်မလေး ပစ်ခတ်ခံရတာ၊ ကောင်မလေးက သေသွားတယ်။ အလောင်းကို နန်းတွင်းစစ်ဆေးရုံပို့ပြီး ခွဲစိတ်ပြီးတော့ ကောင်လေးကတော့ အပြင်ဆေးရုံမှာ ကုသမှုခံယူနေတယ်" လို့ အမည်မဖော်လိုတဲ့ လူမှုကူညီရေး လုပ်ဆောင်နေသူတစ်ယောက်က RFA ကိုပြောပါတယ်။

သေဆုံးသူ အမျိုးသမီးဟာ မျက်လုံးအောက်ကနေ ဦးနှောက်ထဲထိ သေနတ်ကျည်ဆံထိမှန် သေဆုံးသွားတာဖြစ်ပြီး အမျိုးသားကတော့ ဘယ်ဘက်မေးရိုးအောက်မှာ ကျည်ထိမှန်ခဲ့တာလို့ လူမှုကူညီရေးအဖွဲ့က ပြောပါတယ်။

မန္တလေးမြို့မှာ ကိုဗစ်ကာကွယ်ဆေးတွေကို မြို့တော်ခန်းမ၊ သံဃာ့ဆေးရုံနဲ့ အလုပ်သမားဆေးရုံတွေမှာ ပြီးခဲ့တဲ့ ဧပြီလဆန်းကတည်းက ထိုးနှံပေးနေတာဖြစ်ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/two-got-killed-in-mandalay-05052021110153.html

ကိုဗစ်ကာကွယ်ဆေး လာထိုးရင်း မန္တလေးမှာ နှစ်ဦးပစ်ခတ်ခံရ၊ တစ်ဦးသေဆုံး  ကိုဗစ်ကာကွယ်ဆေး လာထိုးရင်း မန္တလေးမှာ နှစ်ဦးပစ်ခတ်ခံရ၊ တစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 07:48 Rating: 5

No comments:

Powered by Blogger.