မင်းတပ်မှာကိုယ့်အိမ်ကိုယ်ပြန်နေရင်စာရင်းပေးရမယ်လို့ဆို

တိုက်ပွဲတွေဖြစ်အပြီး မြို့ခံတွေ နီးစပ်ရာရွာတွေကို ပြေးခဲ့ကြလို့ ပိတ်ထားခဲ့ရတဲ့ မင်းတပ်မြို့မဈေး

ရှင်းလင်းနေတဲ့ မင်းတပ်မြို့ရဲ့ ပြီးခဲ့တဲ့ရက်ပိုင်းအခြေအနေ

ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်(PDF)နဲ့စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ဖြစ်ခဲ့တဲ့ ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်မြို့မှာ စစ်ရှောင်စခန်းတွေဖွင့်ထားပြီး စစ်ရှောင်စခန်းတွေမှာ ဝင်ရောက်နေထိုင်နိုင်ကြောင်းနဲ့ မိမိအိမ်ပြန်ပြီးနေထိုင်မယ့်သူတွေ စာရင်းပေးရမယ်လို့ စစ်တပ်က မေလ ၂၉ ရက်နေ့က စပြီး အသိပေးထားတယ်လို့ မင်းတပ်ဒေသခံတစ်ဦးကပြောပါတယ်။

မြို့ပေါ်ရပ်ကွက်တွေမှာ စစ်ဘေးရှောင်စခန်း ၈ ခုခန့် ဖွင့်ထားပြီးတော့ စစ်ဘေးရှောင်သူတွေဟာစခန်းတွေမှာ စာရင်းပေးပြီးနေကြဖို့ စစ်တပ်ကထုတ်ပြန်ထားပါတယ်။

မင်းတပ်မှာတော့ တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း ရွာတွေဘက်ကို စစ်ဘေးရှောင်နေသူတွေများပြီး မြို့ထဲမှာလည်းအသွားအလာမရှိသလောက်ဖြစ်နေပါတယ်။

ဒါ့ပြင် မင်းတပ်နဲ့ကန်ပလက်ကြားမှာလည်း ပြီးခဲ့တဲ့ရက်ပိုင်းက တိုက်ပွဲတွေရှိခဲ့ပါတယ်။

မင်းတပ်မြို့ဟာ လူဦးရေ ၅ သောင်းနီးပါးရှိပြီးတော့ တိုက်ပွဲတွေဖြစ်ပွါးပြီးမှာ မြို့ထဲကနေ လူအများအပြားထွက်ခွါသွားခဲ့ကြပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-57242648

မင်းတပ်မှာကိုယ့်အိမ်ကိုယ်ပြန်နေရင်စာရင်းပေးရမယ်လို့ဆို  မင်းတပ်မှာကိုယ့်အိမ်ကိုယ်ပြန်နေရင်စာရင်းပေးရမယ်လို့ဆို Reviewed by THITHTOOLWIN on 21:00 Rating: 5

No comments:

Powered by Blogger.