ရွှေပြည်သာ ၆ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့ဗုံးပေါက်၊ နှစ်ဦးဒဏ်ရာရ

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်၊ အမှတ် ၆ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ ဒီကနေ့ နေ့လယ် ၁၂ နာရီ​ကျော်က ဗုံးပေါက်ခဲ့ပြီး အနီးရှိအမှိုက်ကောက်နေသူ သားအဖနှစ်ဦးဒဏ်ရာရသွားတယ်လို့ ရွှေပြည်သာဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ဒဏ်ရာရရှိသူ နှစ်ဦးကို လူနာတင်ယာဥ်​နဲ့ တင်ပြီးခေါ်သွားတာတွေ့ရကြောင်းလည်း သူ က ပြောပါတယ်။

ဒီကနေ့ မေလ ၃၀ ရက်နေ့ နံနက် ၆ နာရီခန့်ကလည်း အဆိုပါအုပ်ချုပ်ရေးမှူးရုံးအနီး မဲခေါင်လမ်း၊ ပညာရေးမှုးရုံးမှာလည်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။

ရွှေပြည်သာမြို့နယ်ဟာ စစ်အုပ်ချုပ်‌ရေး ထုတ်ပြန်ကြေညာထားတဲ့ မြို့နယ်ဖြစ်ပြီး ဆိုင်ကယ် စီးနင်းသွားလာတာတွေကို လည်း ကန့်သတ်ထားခဲ့ပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-57242648

ရွှေပြည်သာ ၆ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့ဗုံးပေါက်၊ နှစ်ဦးဒဏ်ရာရ  ရွှေပြည်သာ ၆ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့ဗုံးပေါက်၊ နှစ်ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 20:58 Rating: 5

No comments:

Powered by Blogger.