ဂြိုလ်တုစလောင်းသုံးခွင့် စစ်ကောင်စီ တားမြစ်



Share/Bookmark
ဂြိုလ်တုစလောင်းသုံးခွင့် စစ်ကောင်စီ တားမြစ် သတင်းတွေ ဖမ်းယူနိုင်တဲ့ PSI ဂြိုလ်တုစလောင်းတပ်ဆင်ထားတဲ့ အိမ်တစ်အိမ်ကို တွေ့ရစဉ်။ Photo: Citizen Journalist

ဆက်သွယ်ရေးဂြိုလ်ထုက ရုပ်သံထုတ်လွှင့်မှုတွေဟာ နိုင်ငံရဲ့လုံခြုံရေးကို နှောင့်ယှက်ဖျက်ဆီးနေတာကြောင့် ဂြိုလ်တုစလောင်း အသုံးပြုခြင်းကို ကန့်သတ်တယ်လို့ အာဏာသိမ်းစစ်ကောင်စီက အင်္ဂါနေ့က ကြေညာလိုက်ပါတယ်။

ဒါဟာမြန်မာနိုင်ငံမှာ မီဒီယာကို ကန့်သတ်ထိန်းချုပ်မှု နောက်တခုဖြစ်တယ်လို့ ရိုက်တာသတင်းက မနေ့က ဖော်ပြပါတယ်။

ဖေဖော်ဝါရီလ ၁ရက် စစ်ကောင်စီက အာဏာသိမ်းပြီးတဲ့ နောက်ပိုင်း ဆန္ဒပြပွဲသတင်းယူတဲ့ သတင်းသမားတချို့ကို ဖမ်းဆီးတာ အင်တာနက် အသုံးပြုမှု ကန့်သတ်ပိတ်ပင်တာတွေကို လုပ်ခဲ့ပြီး အခုတခါ ဂြိုလ်တုစလောင်းက ရုပ်သံကြည့်ရှုမှုတွေကိုပါ ကန့်သတ်ပိတ်ပင်လာတာပါ။

အင်္ဂါနေ့ MRTVသတင်း ကြေညာချက်အရ ဂြိုလ်တုစလောင်းအသုံးပြုရင် ထောင်ဒဏ်တစ်နှစ်နဲ့ ငွေဒဏ် ကျပ်ငါးသိန်း ကျခံစေရမယ်လို့ ထုတ်ပြန်သွားပါတယ်။

စစ်ကောင်စီအနေနဲ့ ဒီကြေညာချက်ကို မထုတ်ပြန်ခင် ပြီးခဲ့တဲ့လအတွင်း တနိုင်ငံလုံး နေရာအနှံ့အပြားမှာ ဂြိုလ်တုစလောင်းတွေကို လိုက်လံဖြုတ်သိမ်းတာတွေ ပြုလုပ်ခဲ့ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/military-banned-psi-satellite-05042021154746.html 



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ