မြန်မာ့အရေး အမြန်ဆုံးကြားဝင်ဖို့ ကုလသမဂ္ဂကို CRPH တောင်းဆို


လက်ရှိအချိန်မှာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး စီးပွားရေးအရပ်ရပ်ဟာ လုံးဝပြိုလဲတော့မယ့်အခြေအနေ ရောက်ဖို့ တဖြည်းဖြည်း နီးကပ်နေပြီလို့ မနေ့က ပြုလုပ်တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲမှာ နိုင်ငံတကာလုံခြုံရေးဆိုင်ရာ လွတ်လပ်တဲ့ လေ့လာသုံးသပ်သူ တစ်ဦးက ပြောလိုက်ပါတယ်။ ဒီဆွေးနွေးပွဲဟာ မြန်မာပြည်က အသံများဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးကြတာပါ။

ပြည်သူတွေကို မတရားဖိနှိပ်နေတဲ့ အာဏာသိမ်း စစ်ကောင်စီရဲ့ လုပ်ရပ်တွေ ရပ်တန့်ဖို့ နဲ့ တရားဥပဒေ စိုးမိုးမှု ပြန်လည်ရရှိဖို့ နိုင်ငံတကာကနေ ဝင်ရောက်ကူညီဖို့လည်း မြန်မာနိုင်ငံက တက်ရောက်တဲ့ CRPHက တောင်းဆိုလိုက်ပါတယ်။ အပြည့်အစုံကို RFA ဝိုင်းတော်သား ကိုရဲခေါင်မြင့်မောင်က တင်ပြထားပါတယ်။

RFA Burmese



မြန်မာ့အရေး အမြန်ဆုံးကြားဝင်ဖို့ ကုလသမဂ္ဂကို CRPH တောင်းဆို မြန်မာ့အရေး အမြန်ဆုံးကြားဝင်ဖို့ ကုလသမဂ္ဂကို CRPH တောင်းဆို Reviewed by THITHTOOLWIN on 07:23 Rating: 5

No comments:

Powered by Blogger.