CNN သတင်းထောက်နဲ့ စကားပြောခဲ့တဲ့ ကျောင်းသူတစ်ဦး ဖမ်းဆီးစစ်ဆေးခံနေရ

CNN သတင်းထောက်နဲ့ စကားပြောခဲ့တဲ့ ကျောင်းသူတစ်ဦး ဖမ်းဆီးစစ်ဆေးခံနေရ မယဉ်သက်တင်

Photo-CJ

ရန်ကုန်မြို့မှာရောက်နေတဲ့ CNN သတင်းထောက်နဲ့ တွေ့ဆုံစကားပြောခဲ့သူတွေထဲက တစ်ဦးဖြစ်တဲ့ မင်္ဂလာဒုံမြို့နယ်က မယဉ်သက်တင်ကို ရန်ကုန် ရွှေပြည်သာ စစ်ကြောရေးစခန်းကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မိသားစုဝင်တွေက RFA ကို အတည်ပြုပြောပါတယ်။

ဒီကနေ့မနက်ပိုင်းက ရန်ကုန် ၁၀ မိုင်ကုန်းဈေးကို မုန့်ဝယ်ဖို့သွားဝယ်ရင်း CNN သတင်းထောက် Clarissa Ward သတင်းယူနေတာနဲ့ ကြုံကြိုက်ချိန်မှာ မယဉ်သက်တင်က Clarissa Ward နဲ့ စကားပြောခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီနောက် CNN သတင်းထောက် ပြန်ထွက်သွားချိန်မှာ မယဉ်သက်တင်ကို အရပ်ဝတ် ဝတ်ထားသူတွေက ဖမ်းဆီးခေါ်ဆောင် သွားတာဖြစ်ပြီး အခုအချိန်ထိ မိသားစုနဲ့ တွေ့ခွင့်မရသေးဘူးလို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

ရွှေပြည်သာက စစ်ကြောရေးစခန်းကို ခေါ်သွားတာလို့ သတင်းကြားရတဲ့အတွက် အဲ့ဒီကို လိုက်သွားပေမယ့် တွေ့ခွင့် မရခဲ့ဘူးလို့လည်း ပြောပါတယ်။

အသက် ၂၃ နှစ်ရှိပြီဖြစ်တဲ့ မယဉ်သက်တင်ဟာ စင်္ကာပူနိုင်ငံက Singapore Institute of Management တက္ကသိုလ် (SIM) ကနေ စီးပွားရေးမဟာဘွဲ့ ရရှိထားတဲ့ ကျောင်းသူတစ်ဦး ဖြစ်ပြီး အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်သူလို့ သိရပါတယ်။

ဒီနေ့ CNN သတင်းထောက် Clarissa Ward နဲ့ တွေ့ဆုံချိန်မှာ မယဉ်သက်တင် ဘာတွေပြောခဲ့လဲ ဆိုတာကိုတော့ မသိရသေးပါဘူး။

မြန်မာပြည်ကိုရောက်နေတဲ့ CNN သတင်းထောက် Clarissa Ward နဲ့ ဒီကနေ့ တွေ့ဆုံစကားပြောခဲ့သူတွေကို စစ်ကောင်စီက လိုက်လံ မ်းဆီးနေတာဖြစ်ပြီး လတ်တလော ရန်ကုန်မြို့မှာ သုံးဦး အဖမ်းခံထားရတယ်လို့ မျက်မြင်တွေ့ခဲ့သူတွေက RFA ကို ပြောပါတယ်။

အခုလို CNN သတင်းထောက်နဲ့ တွေ့ဆုံမှုနဲ့ ဖမ်းဆီးခံနေရတာတွေနဲ့ ပတ်သက်လို့ CNN သတင်းဌာနရဲ့ ပြောကြားချက်ကို သိနိုင်ဖို့ RFA က မေးမြန်းထားဆဲ ဖြစ်ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/arrested-student-cnn-clarissa-ward-myanmar-coup-yin-thet-tin-04022021132022.html

CNN သတင်းထောက်နဲ့ စကားပြောခဲ့တဲ့ ကျောင်းသူတစ်ဦး ဖမ်းဆီးစစ်ဆေးခံနေရ  CNN သတင်းထောက်နဲ့ စကားပြောခဲ့တဲ့ ကျောင်းသူတစ်ဦး ဖမ်းဆီးစစ်ဆေးခံနေရ Reviewed by THITHTOOLWIN on 03:57 Rating: 5

No comments:

Powered by Blogger.