တမူးမှာ ကူကီးတပ်ဘက်ကပါဝင် တိုက်ခိုက်တဲ့ CDM ရဲတပ်သား သေဆုံး


စစ်ကိုင်းတိုင်း တမူးမြို့နယ် နန်းဖာလုံက မီးသတ်စခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေနဲ့ ဒေသခံ ကူကီးအမျိုးသားတပ်တို့အကြား သောကြာနေ့ မနက် ၂ နာရီကနေ ၄ နာရီ အတွင်း တိုက်ခိုက်မှုတွေ ဖြစ်ခဲ့လို့ ဒေသခံတွေဘက်ကတိုက်ခိုက်တဲ့ CDM လုပ်နေတဲ့ ရဲတပ်သား ကိုထောင်ဟောင်ဂင် သေဆုံးသွားတယ်လို့ တမူး မြို့ခံ အမျိုးသမီးက ဘီဘီစီကို ပြောပါတယ်။

ဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ၆ ယောက် သေဆုံးတယ်လို့ ယူဆနိုင်စရာတွေကို တွေ့ခဲ့ရပြီး ဒဏ်ရာရသူတွေလည်း ရှိတယ်လို့လည်း အဲဒီအမျိုးသမီးက ပြောပါတယ်။ ဒီသေဆုံးမှုတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီ ပြန်ကြားရေးက သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

စစ်ကောင်စီတပ်တွေဘက်က ရပ်ကွက်ထဲဝင်ပစ်ရာကနေ နှစ်ဖက် ပစ်ခတ်မှုတွေ ပထမဆုံးအကြိမ် ဖြစ်ပွားခဲ့တာလို့လည်း ဆိုပါတယ်။

မတ်လ ၂၆ ရက်ကလည်း စစ်ကောင်စီတပ်တွေရဲ့ ပစ်ခတ်မှုကြောင့် အိမ်ထဲမှာ အိပ်နေတဲ့ မသန်စွမ်းအမျိုးသမီးတစ်ဦး ကျည်ထိမှန်ခဲ့တယ်လို့လည်း ပြောပါတယ်။

မီးသတ်စခန်းမှာ တပ်စွဲထားတဲ့ ရဲနဲ့ စစ်တပ်တို့က ညစဉ် သေနတ်တွေ ပစ်ခတ်မှုတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56582387

တမူးမှာ ကူကီးတပ်ဘက်ကပါဝင် တိုက်ခိုက်တဲ့ CDM ရဲတပ်သား သေဆုံး  တမူးမှာ ကူကီးတပ်ဘက်ကပါဝင် တိုက်ခိုက်တဲ့ CDM ရဲတပ်သား သေဆုံး Reviewed by THITHTOOLWIN on 04:00 Rating: 5

No comments:

Powered by Blogger.