ကချင်ပြည်နယ်တွင် CDM ဝန်ထမ်း စုစုပေါင်း ၅၅၃၂ ဦးရှိကြောင်း KPICT က ထုတ်ပြန်



8 April 2021

KPICT မှ သက်ဆိုင်ရာ CRPH အဖွဲ့ဝင်များနှင့် ပူးပေါင်းကောက်ခံ စုစည်းထားသော လက်ရှိစစ်တမ်းအရ - ကချင်ပြည်နယ်တွင် CDM ဝန်ထမ်းဦးရေ စုစုပေါင်း ၅၅၃၂ ဦးရှိကြောင်း KPICT က ထုတ်ပြန်ခဲ့သည်။ 

အလွန်ခက်ခဲကြမ်းတမ်းသည့်အခြေအနေတွင် ယခုကဲ့သို့ မိမိဘဝနှင့် မိသားစုဘဝများကို အရင်းပြုကာ CDM တွင် စွမ်းစွမ်းတမံပါဝင်လျက်ရှိကြသော ဝန်ထမ်းပြည်သူတို့အား  KPICT (Kachin Political Interim Coordination Team)မှ အထူး ဝမ်းသာဂုဏ်ယူကြောင်း မှတ်တမ်းတင် ​ကြောင်းလည်း ​ရေးသားထားသည်။ 

စစ်ကောင်စီမှ အသက်သွင်းလိုသော အစိုးရယန္တရားတစ်ရပ်လည်ပတ်နိုင်ခြင်းမရှိစေရေးတွင် CDM ဝန်ထမ်းများသည် အခရာဖြစ်ပြီး၊ CDM များ ဆက်လက်တောင့်ခံနိုင်ဖို့ရန် ပြည်သူအားလုံး ဝိုင်းဝန်းဖေးမကူညီကြရန် နှိုးဆော်တိုက်တွန်းထားသည်။ 

စာရင်းတွင် ပါဝင်ခြင်းမရှိသေးသော ဌာနဆိုင်ရာများမှ စာရင်းပေးပို့တင်သွင်းလိုပါက - KPICT email account သို့ တိုက်ရိုက်ပေးပို့နိုင်​ကြောင်းလည်း ​ရေးသားထားသည်။ 


Kachinwaves

https://www.facebook.com/kachinwavesnews

ကချင်ပြည်နယ်တွင် CDM ဝန်ထမ်း စုစုပေါင်း ၅၅၃၂ ဦးရှိကြောင်း KPICT က ထုတ်ပြန် ကချင်ပြည်နယ်တွင် CDM ဝန်ထမ်း စုစုပေါင်း ၅၅၃၂ ဦးရှိကြောင်း KPICT က ထုတ်ပြန် Reviewed by THITHTOOLWIN on 19:52 Rating: 5

No comments:

Powered by Blogger.