အာဏာသိမ်းစစ်အုပ်စုတပ် အမှတ်(၃၁၆) အမြောက် တပ်ရင်းမှ ပြည်သူများနေထိုင်ရာဒေသသို့ လက်နက် ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်

 


၈၊ ဧပြီ၊ ၂၀၂၁။ သူးလေသတင်းစဥ်

၈၊ ၄၊ ၂၀၂၁ ရက်နေ့ နံနက်(၉း၀၀) အချိန်တွင် အာဏာသိမ်းစစ်အုပ်စု လက်အောက်ခံတပ် (အမှတ်-၃၁၆) အမြောက်တပ်ရင်းမှ ကေအဲန်ယူ- ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ် တောင်နောက်ခြမ်းရှိ မာန်အောင်ကျေးရွာအတွင်းသို့ လက်နက်ကြီး (၆)လုံးဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

လက်နက်ကြီး(၆)လုံးအနက် (၁)လုံးက ရွာတွင်းသို့ ကျရောက်ခဲ့ပြီး ပြည်သူများထိခိုက်ခြင်းမရှိကြောင်း သိရှိရသည်။ 

ကျန်ရှိသည့် (၅)လုံးမှာ ကျေးရွာအနီးအနားသို့ ကျရောက်ခဲ့သည့်အတွက်ကြောင့် အနီးအနားရှိ ပြည်သူများ ထိတ်လန့်ကြောက်ရွံ့လျှက်ရှိကြောင်း သိရှိရသည်။


Thoolei News - KNU -Department Of Information

https://www.facebook.com/KNUDOIHQ/

အာဏာသိမ်းစစ်အုပ်စုတပ် အမှတ်(၃၁၆) အမြောက် တပ်ရင်းမှ ပြည်သူများနေထိုင်ရာဒေသသို့ လက်နက် ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ် အာဏာသိမ်းစစ်အုပ်စုတပ် အမှတ်(၃၁၆) အမြောက် တပ်ရင်းမှ ပြည်သူများနေထိုင်ရာဒေသသို့ လက်နက် ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ် Reviewed by THITHTOOLWIN on 19:50 Rating: 5

No comments:

Powered by Blogger.