ကန္တာရဝတီတိုင်း(မ်)
ကယား(ကရင်နီ)ပြည်နယ်၊ လွိုင်ကော်မြို့၊ နောင်ယား(က) ရပ်ကွက်တွင်း ပြည်သူအချင်းချင်းအပြန်အလှန်ကူညီတဲ့အနေနဲ့ ''လိုရင်ယူ၊ ပိုရင်လှူ''အစီအစဥ်ကို ဧပြီလ ၁၁ ရက်နေ့ ညနေပိုင်းမှာ ပြုလုပ်ခဲ့ကြပါတယ်။
ရပ်ကွက်တွင်း ကားများဖြင့် လှည့်လည်ပြီး ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်နီ/ဖြူ၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်စတဲ့ အခြေခံစားသောက်ဖွယ်ရာတွေကို လိုအပ်နေတဲ့ ရပ်ကွက်နေပြည်သူတွေဆီ မျှဝေပြီး ပိုနေသူတဲ့ ပြည်သူတွေဆီကလည်း ပြန်လည်အလှူခံတဲ့ အစီအစဥ်ကို ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။
Kantarawaddy Times
လွိုင်ကော်မြို့၊ နောင်ယား(က)ရပ်ကွက်မှာ ''လိုရင်ယူ၊ ပိုရင်လှူ" အစီအစဥ်ပြုလုပ်
Reviewed by THITHTOOLWIN
on
20:13
Rating:
No comments:
Post a Comment