တရုတ်နိုင်ငံအား အိမ်နီးချင်းအဖြစ်မှ သင်္ဂြုလ်လိုက်ကြောင်း စစ်ကိုင်းမြို့ရှိတက်ကြွလူငယ်များမှ စျာပနအခမ်းအနားပြုလုပ်




စစ်ကိုင်း၊ ဧပြီ ၁၂

စစ်ကိုင်းမြို့ ဘော်ဂါကျောက်ပုတီးဝိုင်းတွင် ယနေ့နံနက်ပိုင်းက တရုတ်နိုင်ငံအား အိမ်နီးချင်းနိုင်ငံအဖြစ်မှ ပယ်ဖျက်ပြီး သင်္ဂြိုလ်ခြင်းအခမ်းအနားကို တရုတ်ရိုးရာစျာပနအတိုင်းပြုလုပ်ခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ၁ရက်နေ့က မြန်မာစစ်တပ်မှ နိုင်ငံတော်အာဏာကိုသိမ်းယူပြီးသည့်နောက်ပိုင်း စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြမှုများဖြစ်ပေါ်ခဲ့ပြီး ရက်ပေါင်း ၇၁ ရက်အတွင်း နိုင်ငံတစ်ဝှမ်းတွင် ကျဆုံးသူစုစုပေါင်း (၇၀၆) ဦးရှိပြီဖြစ်ကာ ဖမ်းဆီးထိန်းသိမ်းခံရသူ (၃၀၀၀) ကျော်ရှိခဲ့ပြီဖြစ်ကြောင်း AAPP ၏ စစ်တမ်းအရသိရသည်။

အဆိုပါအခြေအနေတွင် နိုင်ငံတစ်ကာမှ မြန်မာနိုင်ငံကို ပိတ်ဆို့အရေးယူမှုများပြုလုပ်နေပြီး၊ ကုလသမဂ္ဂအဖွဲ့အစည်းကိုပါ မြန်မာနိုင်ငံသို့ R2P ဝင်ရောက်ရန် ဝိုင်းဝန်းတောင်းဆိုနေကြချိန်တွင် တရုတ်နှင့်ရုရှားကဲ့သို့သော ဗီတိုအာဏာသုံးခွင့်ရှိ​သောနိုင်ငံများမှ ကန့်ကွက်ခြင်းကို မြန်မာနိုင်ငံသားများမှ အိမ်နီးချင်းကောင်းမပီသသောလုပ်ရပ်ဟု လက်ခံကာ ပြစ်တင်ဝေဖန်မှုများလုပ်လျက်ရှိကြသည်။

တရုတ် - မြန်မာ နှစ်နိုင်ငံဆက်ဆံရေးသည် ၆၇ နှစ်ကြာမြင့်ခဲ့ပြီဖြစ်ကာ၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံတွင် စီးပွားရေးအရ ဒုတိယရင်နှီးမြှုပ်နှံမှုအများဆုံးနိုင်ငံလည်းဖြစ်သည်။ သို့သော်လည်း စီးပွားရေးကိစ္စရပ်မဟုတ်သည့် နိုင်ငံရေးကိစ္စရပ်များတွင် တရုတ်အစိုးရမှပါဝင်ပတ်သတ်နေခြင်းကို မြန်မာပြည်သူများမှ လက်မခံကြောင်း ပြသနေကြခြင်းဖြစ်သည်။


Zeyar Time

https://www.facebook.com/Zeyar-Time-755499004652013/

တရုတ်နိုင်ငံအား အိမ်နီးချင်းအဖြစ်မှ သင်္ဂြုလ်လိုက်ကြောင်း စစ်ကိုင်းမြို့ရှိတက်ကြွလူငယ်များမှ စျာပနအခမ်းအနားပြုလုပ် တရုတ်နိုင်ငံအား အိမ်နီးချင်းအဖြစ်မှ သင်္ဂြုလ်လိုက်ကြောင်း စစ်ကိုင်းမြို့ရှိတက်ကြွလူငယ်များမှ စျာပနအခမ်းအနားပြုလုပ် Reviewed by THITHTOOLWIN on 20:21 Rating: 5

No comments:

Powered by Blogger.