ဂျပန် သတင်းထောက်တစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အိမ်မှာဝင်ဖမ်း


ရန်ကုန်မြို့ ပုဇွန်တောင်ရပ်ကွက် ရေကျော်လမ်းမကြီးပေါ်ရှိ တိုက်အမှတ် ၄၉ လေးလွှာမှာနေထိုင်တဲ့ ဂျပန်လူမျိုး သတင်းထောက်တစ်ဦးကို ပြီးခဲ့တဲ့နာရီပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ နေအိမ်မှာဝင်ဖမ်းသွားတယ်လို့ မျက်မြင်တွေ့သူ တစ်ဦးကပြောပါတယ်။

အဲ့ဒီ သတင်းထောက်ကို လက်နှစ်ဖက်မြှောက်ခိုင်းပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကားပေါ်တင်ခေါ်သွားတာတွေ့ရတယ်လို့လည်း သူကပြောပါတယ်။

အဖမ်းခံရတဲ့သတင်းထောက်ဟာ မြေနီကုန်းမှာ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က စစ်ကောင်စီအာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြပွဲမှာ သတင်းယူစဥ် အဖမ်းခံခဲ့ရတဲ့ မစ္စတာ ယူကီခီတဇုမိဖြစ်ပြီးတော့ ၂၀၀၁ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်အထိ နစ်ကေး သတင်းဌာနမှာ အလုပ်လုပ်ကိုင်ခဲ့ပြီး ရန်ကုန်မှာ နေထိုင်နေသူ အလွတ်သတင်းထောက်တစ်ဦးဖြစ်တယ်လို့ ဂျပန်သတင်းဌာနတွေက နေတစ်ဆင့် သိရပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56582387

ဂျပန် သတင်းထောက်တစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အိမ်မှာဝင်ဖမ်း ဂျပန် သတင်းထောက်တစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အိမ်မှာဝင်ဖမ်း Reviewed by THITHTOOLWIN on 21:35 Rating: 5

No comments:

Powered by Blogger.